US မှာ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတက်ချင်တဲ့ ကလေးတွေအတွက်



US မှာ ကျောင်းထားချင်တယ်ဆိုရင် ဒီနိုင်ငံက Education System ကိုသိမှရမယ် ဒါမှ ကိုယ့်ကလေးနဲ့ သင့်တော်မယ့် အကောင်းဆုံးကျောင်းကို ရွေးခြယ်နိုင်မှာပါ


US မှာ Public and Private School ဆိုပြီးရှိတယ် Public School က အစိုးရက အခွန်ဆောင်ထားသူတွေရဲ့ Fund ကနေ ဖွင့်ထားပေးတာဖြစ်ပြီး  Private School ကတော့ ကိုယ်ပိုင် Fund နဲ့ ဖွင့်တာပါ


ကျောင်းလခက $10,000-20,000 ကျော်ကနေ အဆိုတော် အားကစားသမားတွေ မွေးထုတ်ပေးတဲ့ အထက်တန်းကျောင်းဆို တနှစ်ကို $ 85,000 အထိရှိပါတယ် 

ကျောင်းလခတွေဈေးကွာတာက Student Teacher ratio နဲ့လဲ ဆိုင်ပါတယ် ဈေးကြီးတဲ့ကျောင်းတွေဆို ကျောင်းသား 5 ယောက်ကို ဆရာ/ဆရာမ တယောက်ထားပေးပြီး အနီးကပ်သေချာသင်ပေးတာမျိုးလုပ်ပေးတာမို့ ဈေးပိုပေးရတာပါ


F-1 Visa နဲ့ဆို ( မူလတန်း- 8 grade ထိ) Public School တက်မယ်ဆို SEVP-Certified School, Exchange Visitor Program (SEVP) လုပ်ထားတဲ့ကျောင်းပဲ  international students ကို လက်ခံပြီး တက်လို့ရမှာပါ 


Private School ကတော့ မူလတန်း -12 တန်းထိ အကုန်ရပါတယ် 

ရိုးရိုး Public high schools က 9 တန်းကနေ 12 တန်း (grade nine–grade 12) ထိမှ လက်ခံပြီး ပေးတက်မှာပါ 


မူလတန်းကနေ 8 တန်းအထိ international students အနေနဲ့ လာတက်မယ်ဆို SEVP-certified school လုပ်ထားတဲ့ ကျောင်းကနေ I-20 လျှောက်ပါ

Acceptance ရရင်  a Form I-20, “Certificate of Eligibility for Nonimmigrant Student Status" ကိုရမှာပါ  I-901 SEVIS Fee ပေးပါ ဒါမှ US သံရုံးမှာ Visa လျှောက်လို့ရမှာပါ


အသက် 18 နှစ်အောက်ဆို အုပ်ထိန်းသူတယောက်လိုပါတယ် မိဘတွေက ကလေးကို မှီပြီး F-2 or M-2 visa dependent status ရဖို့က မသေချာပါဘူး 


ဒါကြောင့် မူလတန်း အလယ်တန်း အထက်တန်း ၁၈ နှစ် မပြည့်တဲ့ ကလေးကို US မှာကျောင်းထားမယ်ဆိုရင် အုပ်ထိန်းပေးသူ ရှိမလားဆိုတာ အစကတည်းက စီစဉ် စဉ်းစားထားသင့်တယ် 


အုပ်ထိန်းသူဆိုတာ US မှာနေထိုင်ပြီး အသက် 21 နှစ် နဲ့ အထက်ဖြစ်ရပါမယ် ကလေးကို နေစရာပေးနိုင်ရမယ် ကျောင်းပိတ်ရက် သို့ နေမကောင်းရင် နေစရာပေးနိုင်ရမယ် အရေးကြီးတာ တခုခုဆို 24 နာရီပတ်လုံး ဆက်သွယ်လို့ရသူဖြစ်ရပါမယ်


ဒီလောက်ဆို US မှာ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတက်ချင်တဲ့ ကလေးတွေအတွက် အကြမ်းဖျင်း သိပြီး စဉ်းစားနိုင်မယ် ထင်ပါတယ် 

တကယ်ထားမယ်ဆိုရင် အသေးစိတ်ကို သေချာ research လုပ်ပါ အမျိုးရင်း အနီးကပ် ကြည့်ပေးနိုင်သူရှိရင် ပိုအဆင်ပြေမှာပါ


ချစ်ခြင်းများစွာဖြင့်

xoxo 😘

Dr.Moe 

#MoefromAmerica


👉


ဒီ Post လေးက အကျိုးရှိတယ်ဆိုရင် Like & Share လေးလုပ်ပေးကြပါဦး

လွတ်လပ်စွာ Share နိုင်ပါတယ်

Research သေချာလုပ် အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်

 


References:

  1. https://www.privateschoolreview.com/tuition-stats/private-school-cost-by-state
  2. https://studyinthestates.dhs.gov/guide/f-1/f-1-kindergarten-through-grade-12

https://www.usatoday.com/story/money/2019/08/27/most-expensive-private-high-schools-in-america/40003193/

Comments

Popular posts from this blog

Introduction

Graduate Record Exam (GRE)

"၁၀ တန်း မအောင်ရင် GED ဖြေပါ"