အိုစာမင်းစာစုပါ 401 K Retirement Saving
မြန်မာပြည်နဲ့ အာရှနိုင်ငံတော်တော်များများမှာ ကလေးတွေကို ပညာသင်ပေးကြတယ် ပြုစုပျိုးထောင်ပေးကြတယ် "Children are retirement saving" မိမိ အသက်ကြီးလာရင်ကလေးတွေက ပြန်လည်ပြုစုပေးမယ်လို့မျှော်လင့်ထားကြတယ်
စင်္ကာပူမှာလဲ မိဘတွေက မိမိအိုစာမင်းစာ စုဖို့ထက် ကလေးတွေစရိတ်ပိုသုံးကြတယ် ဒါပေမယ့် တချို့ကလေးတွေလဲ မိဘကို ပြန်ကြည့်ကြတယ် တချို့လဲ ဂရုမစိုက်သူတွေ တပုံကြီးရှိတယ် ကလေးတွေဆိုတာ သက်ရှိပါ သူတို့ဆန္ဒကို မိဘဖြစ်သူတွေက ထိန်းချုပ်လို့မရဘူးလေနော် ဂရုမစိုက်တဲ့ သားသမီးတွေဆိုရင် မိဘတွေက အသက်ကြီးမှ အိုစာမင်းစာမရှိ ဒုက္ခရောက်နေကြရော....
သက်ရှိကို ထိန်းချုပ်မရပေမယ့် သက်မဲ့ကိုတော့မိမိကြိုက်သလိုစီမံလို့ရပါတယ် US မှာတော့ အိုစာမင်းစာအတွက် 401 K ဆိုတဲ့ Retirement Saving ရှိတယ်သူငယ်ချင်းတယောက် အမေဆို အသက် 65 ပင်စင်ယူချိန်မှာ သူ့ 401 K Retirement Saving ထဲ 1 Million Dollar အထက်ရှိတယ် Retired as a Millionaire ပေါ့
US က လူတွေက အသက်ကြီးရင် တခြားနိုင်ငံကို ခရီးတွေလျှောက်သွားရင်သွား မသွားရင် Recreation Vehicle လေးဝယ်ပြီး US တခွင်ပတ်မောင်း တွေ့ရာနေရာရပ်စား စိတ်အပန်းဖြေကြတယ်
US မှာ မိဘတွေက ကလေးတွေကို အသက် 18 နှစ်ထိပဲ အိမ်မှာနေခွင့်ပေးကြတာများတယ် College ကျောင်းလခ တချို့တွေလဲပေးတယ် တချို့လဲ အစိုးရဆီက Loan ယူပြီးတက်ခိုင်းတယ် မိမိက မွေးထားပေမယ့် တသက်လုံး Responsibility ရှိမနေဘူး အချိန်တန်ကြရင် ကိုယ့်ဘာသာ independent ဖြစ်နေရမယ်
အိုစာမင်းစာအတွက် 401 K Retirement Saving ကို ဘယ်လိုစုကြမလဲ?
401 k ဆိုတာ ပင်စင်ယူရင် သုံးဖို့ စုရတဲ့ account ပါ အသက် ၅၉ နှစ်ခွဲမှ IRS က penalty-free withdrawals ဘာမှ မပေးရပဲ ထုတ်လို့ရပါတယ် အဲမတိုင်ခင်ထုတ်ရင် 10% or more ပေးရပါတယ်
အဲထဲမှာစုတဲ့ ပိုက်ဆံကို အခွန်မကောက်ဘူး interest အတိုးလဲရတယ် မိမိရဲ့ အပတ်စဉ် ရတဲ့ paycheck ထဲကနေ 5% စုမယ်ဆိုရင် အလုပ်ရှင်တွေကလဲ 5% match လုပ်ပြီး ထည့်ပေးကြတယ် ဒါဆို paycheck တိုင်း 401 K ထဲ 10% ရသွားတာပေါ့ (% ဘယ်လောက် match ပေးလဲဆိုတာ မိမိအလုပ်ရှင်ပေါ်လဲ မူတည်ပါတယ်) အလုပ်လျှောက်ရင် 401 K match လုပ်ပေးလားလဲကြည့်သင့်ပါတယ်rule of thumb အနေနဲ့ မိမိဝင်ငွေထဲကနေ 10-15% ကို 401 K ထဲမှာ saving ဖို့ Recommend လုပ်ကြတယ်
401 K ထဲမှာရှိတဲ့ ပိုက်ဆံက နှစ်တိုင်း တိုးရင်းပေါင်းသွားတာမို့ average annual return ranging from 3% to 8% တိုးလာတယ် မြတ်နိုင်ချေရှိတဲ့ Stock တွေမှာလဲ invest ရင် grow ဖြစ်တာပိုမြန်တယ် ယေဘုယျအနေနဲ့ပြောရရင် အသက် 40 အရွယ်မှာ 401 K Retirement Saving ထဲ မိမိရတဲ့ လစာရဲ့ 3 ဆရှိရမယ် လစာက တသိန်းဝန်းကျင်ရရင် 401 K ထဲမှာ 3 သိန်း ရှိသင့်တယ်
အသက်ကြီးလာရင် လည်ဖို့ပတ်ဖို့ လှူဒါန်းချင်တာ ဆေးကုရမှာတွေအတွက် US မှာနေသူတိုင်း မိမိအသက်ကြီးလာရင် သုံးဖို့ 401 K Retirement Saving ရှိသင့်တယ် မရှိသေးရင် ဒီနေ့က စဖွင့်လိုက်တော့ မိမိ အလုပ်ရှင်ကိုလဲ 401 K match လုပ်ပေးလား မေးကြည့်ကြပါနော်
401 K စုဖြစ်ကြလား မန့်ခဲ့ပေးပါဦးနော်
ချစ်ခြင်းများစွာဖြင့်xoxo 😘Dr.Moe #MoefromAmerica
👉http://moefromamerica.blogspot.com/2022/03/401-k-retirement-saving.html
လွတ်လပ်စွာ Share နိုင်ပါတယ်
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
Reference: IRS.gov
Comments
Post a Comment