Posts

Showing posts from February, 2022

Success is Contagious

"Success is Contagious" ဘဝမှာ အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေနားနေပါ အောင်မြင်မှုဟာ ကူးစက်တတ်တယ်  ကြိုးစားတဲ့သူ တွေကိုကြည့်ပြီး အားကျလို့ လိုက်လုပ်ရင်း ကိုယ်လုပ်တာတွေပါ အောင်မြင်လာတတ်တယ် US လာရင် Sushi လုပ်တဲ့သူနားနေရင် Sushi လိပ်ဖြစ်မယ် စက်ရုံလုပ်တဲ့သူနားသွားရင် စက်ရုံမှာလုပ်ဖြစ်မယ် ကျောင်းတက်သူနားသွားရင် ကျောင်းတက်ဖြစ်မယ် အောင်မြင်သူနားသွားရင်  သူတို့ကိုကြည့်ပြီး အားကျလို့ လိုက်လုပ်ရင်း ကိုယ်လုပ်တာတွေပါ အောင်မြင်လာတတ်တယ် ဘယ်ပဲရောက်ရောက် ဘာပဲလုပ်လုပ် အောင်မြင်ပြီး အကောင်းမြင်တတ်သူတွေနားနေပါ #MoefromAmerica #successiscontagious

နိုင်ငံရပ်ခြားသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒါတွေ ကိုယ့်ကိုကိုယ် အရင်မေးကြည့်ပါ

အခု မြန်မာပြည်ကြီးကလဲ မငြိမ်းချမ်းတော့ နိုင်ငံရပ်ခြားသွားချင်သူတွေများနေကြတယ် နိုင်ငံရပ်ခြား သွားမယ်လို့ စဉ်းစားရင် ဒါတွေကိုယ့်ဘာသာအရင် ဆန်းစစ်ကြည့်ပါ နံပါတ်တစ် အရေးကြီးဆုံးကတော့ ကိုယ်ဟာ မိဘမောင်နှမ သူငယ်ချင်းတွေနဲ့ခွဲနိုင်လား ? attachment အရမ်းများသူတွေဆို ခွဲခွာရင် အရမ်းခံစားရမှာပါ အစားအသောက် မတူတာ ဘိုစာတွေ Fast Food တွေ နေ့တိုင်းစားရမယ်ဆိုရင်အဆင်ပြေမလား ? ကိုယ့်ရဲ့ နေ့စဉ် ကိစ္စတွေ ကိုယ့်ဘာသာလုပ်နိုင်လား ? သန့်ရှင်းရေး ချက်ပြုတ်တာ အဝတ်လျှော် မီးပူတိုက် မြန်မာပြည်မှာဆို ဇိမ်နဲ့ အိမ်ဖော် Maid ရှိကြလို့ သူများခိုင်းရမှ ဆိုသူတွေ သေချာစဉ်းစားပါ ရာသီဥတု :  US မှာ East Coast မှာနေရင် နှင်းကျတာ ရာသီဥတု အေးတာတွေ ရှိတတ်လို့ ရင်ကြပ်ပန်းနာရှိတတ်သူ အအေးဒဏ် မခံနိုင်ရင် ပူတဲ့ Texas/ Flordia လိုနေရာမျိုး နှင်းမကျတဲ့ California တို့နေရာမျိုးကို ရွေးခြယ်သင့်ပါတယ် Mindset: သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် နိုင်ငံခြားရောက်ရင် ဘာပဲဖြစ်ဖြစ် နောက်မဆုတ်တမ်း တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်နိုင်မလား ? ရောက်မှ နောင်တရတာ မြန်မာ...

တော်တဲ့သူ တယောက်ဖြစ်ဖို့ ......

Image
  တော်တဲ့သူ တယောက်ဖြစ်ဖို့ ...... အမိမြေနဲ့ အဝေးမှာ နေထိုင်ကျင်လည်ရင်း .... ဘဝမှာ လေးစား အားကျအတုယူစရာ လူတွေအများကြီး ကြုံတွေ့ရသလို အားမလို အားမရဖြစ်ခဲ့ရတဲ့သူတွေ အများကြီးလဲတွေ့ဖူးပါတယ် Graduate School တုန်းက အချစ်ဆုံးသူငယ်ချင်း Cameroon ဆိုတဲ့ နိုင်ငံက အာဖရိက မလေး ပြောသလို "လူတော် တယောက်ဖြစ်ဖို့ဆိုတာ ကိုယ်နဲ့ တွေ့ဖူးတဲ့ လူတွေဆီက ကောင်းတဲ့ အချက်လေးတွေကို အတုယူရင်း တဖြေးဖြေး ပိုပိုတော်တဲ့ လူတယောက်ဖြစ်လာမှာပါတဲ့" မွေးကတည်းက ဘယ်သူမှ အရမ်းတော်တယ်ဆိုပြီး မွေးလာကြတာတော့မဟုတ်ဘူး နိုင်ငံရပ်ခြားမှာဆို ဘယ်အရာမဆို ငါသာအမှန်ဆုံးလို့ မယူဆပဲ ရောက်တဲ့နေရာ ဒေသအလိုက် Adjust လုပ်နိုင်သူ Adaptability လုပ်နိုင်သူတွေက ရှေ့ကို စောစောစီးစီးရောက်သွားကြတာပဲ လူတော် တယောက်ဖြစ်ချင်ရင် တော်တဲ့သူတွေဆီကများများ အတုယူပါ ကိုယ့်ကိုကိုယ်ပြောင်းလဲနိုင်အောင်ကြိုးစားပါ တော်တဲ့သူ တယောက်ဖြစ်ဖို့ ကြိုးစားနေကြတယ်ဆိုရင် Yes လို့ ရေးခဲ့ပေးပါနော်.... xoxo Dr.Moe #MoefromAmerica