တော်တဲ့သူ တယောက်ဖြစ်ဖို့ ......

 တော်တဲ့သူ တယောက်ဖြစ်ဖို့ ......

အမိမြေနဲ့ အဝေးမှာ နေထိုင်ကျင်လည်ရင်း ....
ဘဝမှာ လေးစား အားကျအတုယူစရာ လူတွေအများကြီး ကြုံတွေ့ရသလို
အားမလို အားမရဖြစ်ခဲ့ရတဲ့သူတွေ အများကြီးလဲတွေ့ဖူးပါတယ်
Graduate School တုန်းက အချစ်ဆုံးသူငယ်ချင်း Cameroon 🇨🇲 ဆိုတဲ့ နိုင်ငံက အာဖရိက မလေး ပြောသလို "လူတော် တယောက်ဖြစ်ဖို့ဆိုတာ ကိုယ်နဲ့ တွေ့ဖူးတဲ့ လူတွေဆီက ကောင်းတဲ့ အချက်လေးတွေကို အတုယူရင်း တဖြေးဖြေး ပိုပိုတော်တဲ့ လူတယောက်ဖြစ်လာမှာပါတဲ့"
မွေးကတည်းက ဘယ်သူမှ အရမ်းတော်တယ်ဆိုပြီး မွေးလာကြတာတော့မဟုတ်ဘူး
နိုင်ငံရပ်ခြားမှာဆို ဘယ်အရာမဆို ငါသာအမှန်ဆုံးလို့ မယူဆပဲ ရောက်တဲ့နေရာ ဒေသအလိုက် Adjust လုပ်နိုင်သူ Adaptability လုပ်နိုင်သူတွေက ရှေ့ကို စောစောစီးစီးရောက်သွားကြတာပဲ
လူတော် တယောက်ဖြစ်ချင်ရင် တော်တဲ့သူတွေဆီကများများ အတုယူပါ ကိုယ့်ကိုကိုယ်ပြောင်းလဲနိုင်အောင်ကြိုးစားပါ
တော်တဲ့သူ တယောက်ဖြစ်ဖို့ ကြိုးစားနေကြတယ်ဆိုရင် Yes လို့ ရေးခဲ့ပေးပါနော်....
xoxo 😘
Dr.Moe

Comments

Popular posts from this blog

"၁၀ တန်း မအောင်ရင် GED ဖြေပါ"

Free English As Second Language (ESL) Application

အိုစာမင်းစာစုပါ 401 K Retirement Saving