နိုင်ငံရပ်ခြားသွားမယ်လို့ ဆုံးဖြတ်ထားရင် ဒါတွေ ကိုယ့်ကိုကိုယ် အရင်မေးကြည့်ပါ



အခု မြန်မာပြည်ကြီးကလဲ မငြိမ်းချမ်းတော့ နိုင်ငံရပ်ခြားသွားချင်သူတွေများနေကြတယ်


နိုင်ငံရပ်ခြား သွားမယ်လို့ စဉ်းစားရင် ဒါတွေကိုယ့်ဘာသာအရင် ဆန်းစစ်ကြည့်ပါ


  1. နံပါတ်တစ် အရေးကြီးဆုံးကတော့ ကိုယ်ဟာ မိဘမောင်နှမ သူငယ်ချင်းတွေနဲ့ခွဲနိုင်လား? attachment အရမ်းများသူတွေဆို ခွဲခွာရင် အရမ်းခံစားရမှာပါ
  2. အစားအသောက် မတူတာ ဘိုစာတွေ Fast Food တွေ နေ့တိုင်းစားရမယ်ဆိုရင်အဆင်ပြေမလား?
  3. ကိုယ့်ရဲ့ နေ့စဉ် ကိစ္စတွေ ကိုယ့်ဘာသာလုပ်နိုင်လား? သန့်ရှင်းရေး ချက်ပြုတ်တာ အဝတ်လျှော် မီးပူတိုက် မြန်မာပြည်မှာဆို ဇိမ်နဲ့ အိမ်ဖော် Maid ရှိကြလို့ သူများခိုင်းရမှ ဆိုသူတွေ သေချာစဉ်းစားပါ
  4. ရာသီဥတု:  US မှာ East Coast မှာနေရင် နှင်းကျတာ ရာသီဥတု အေးတာတွေ ရှိတတ်လို့ ရင်ကြပ်ပန်းနာရှိတတ်သူ အအေးဒဏ် မခံနိုင်ရင် ပူတဲ့ Texas/ Flordia လိုနေရာမျိုး နှင်းမကျတဲ့ California တို့နေရာမျိုးကို ရွေးခြယ်သင့်ပါတယ်
  5. Mindset: သွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် နိုင်ငံခြားရောက်ရင် ဘာပဲဖြစ်ဖြစ် နောက်မဆုတ်တမ်း တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်နိုင်မလား? ရောက်မှ နောင်တရတာ မြန်မာပြည်တုန်းက ရွှေရောင်နေ့ရက်တွေကို အမြဲတမ်း လွမ်းဆွတ်တမ်းတနေတာမျိုးဆို ရှေ့ဆက်ဖို့ ခက်ခဲနေပါလိမ့်မယ်


လူဆိုတာ ကိုယ့်စိတ်ကို အသိဆုံးမို့ အရေးကြီးတဲ့ Life Changes Decisions ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင် ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် မေးကြည့်ပါ သေချာသုံးသပ်ပါလို့ အကြံပေးပါရစေ


ဒီ No. 1-5 အချက်တွေကို ကျော်ဖြတ်နိုင်မလား? ဘယ်အချက်က ကိုယ့်နဲ့ တိုက်ဆိုင်မှုရှိနေမလဲပြောပြပေးကြပါဦးနော် 


ချစ်ခြင်းများစွာဖြင့်

Dr.Moe

#MoefromAmerica

Comments

Popular posts from this blog

"၁၀ တန်း မအောင်ရင် GED ဖြေပါ"

Free English As Second Language (ESL) Application

အိုစာမင်းစာစုပါ 401 K Retirement Saving