အချစ်ဆိုသည်မှာ...
.
မိန်းကလေး တယောက် နိုင်ငံရပ်ခြားသွားတော့မယ်ဆိုရင် အချစ်ဆိုတဲ့အရာကိုလည်း မေ့ထားလို့မရဘူး
လူတွေက အားနဲချိန်မှာ အချစ်ကို အားကိုးတကြီး ဖြစ်တတ်ကြတယ် Strong ဖြစ်နေချိန်မှာ အချစ်ဆိုတာ မလိုအပ်သလောက်ပဲ...
ဒါကြောင့် သမီးမိန်းကလေးတယောက်ကို နိုင်ငံရပ်ခြားလွှတ်မယ်ဆိုရင် Mentally Strong ဖြစ်အောင် Train ထားပေးဖို့ လိုအပ်ပါတယ်
မျက်စိဒေါက်ထောက်ရင်အုပ်မကွာထားမယ့်အစား ခရီးတွေထွက်ခိုင်း လူတွေများများနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်
ကျွန်မဘဝမှာ 2 Phases of life ရှိတယ်
1st Phase က အသက် ၁၇-၁၈ အရွယ်က International Student အနေနဲ့ Australia 🇦🇺 မှာ ပထမဆုံး ကျောင်းစတက်ဖူးချိန် ငယ်ရွယ်တယ် Mentally Strong မဖြစ်ဘူး သစ်ရွက်လှုပ်ရင်တောင် ရင်ခုန်တတ်တဲ့အရွယ် ကိုယ့်ကိုလာကြိုက်ရင် အားနာတတ် ပြန်ကြိုက်ချင်သလိုဖြစ်တဲ့အချိန်...
2nd Phase ကအသက် ၂၀ ကျော် US ကို Immigrant နဲ့ရောက်ချိန်မှာတော့ အသဲလဲ အကြီးအကျယ်ကွဲဖူးပြီးပြီ အချစ်ဆိုတာ ရင်ဘတ်ထဲ Block ထားသလို ဦးနှောက်ထဲမှာလဲ ထုတ်ထားတယ် ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ပြီးမြောက်ဖို့ ရည်ရွယ်ချက် မယိမ်းယိုင်ဖို့က ကိုယ့် Primary Focus ပဲ
ဒါပေမယ့် ကိုယ့်ရဲ့ Broken Heart က တော်တော်နက်နဲတယ် နှစ်အတော်ကြာ ယုံကြည်ဖူးတဲ့ လူတယောက်က ကိုယ့်ကို သစ္စာဖောက်မယ်လို့မထင်ခဲ့မိတာ ကလေးအတွေးပေါ့.....
အသဲကွဲတာကို Heal လုပ်ဖို့ အလုပ်လုပ်လဲမပျောက် စားလဲဒီစိတ် အိပ်လဲ ဒီစိတ် စဉ်းစားမိတိုင်း Why me? ဆိုပြီး မျက်ရည်ကတောက်တောက်ကျ.....
နောက်ဆုံး အသဲကွဲတာကို အကောင်းဆုံး Heal လုပ်ပေးနိုင်မယ့်အရာကို ကျွန်မ ရှာဖွေတွေ့ရှိသွားခဲ့တယ် အဲဒါက ...."စာဖတ်ခြင်း"ပဲ
စာဖတ်ရင် အရာရာကို မေ့နိုင်တယ် Community College မှာဆို Minimum 12 credits ပဲယူရင် Full Time Student ဖြစ်ပြီ အဲတုန်းက ကျွန်မ ကျောင်းမြန်မြန်ပြီးအောင်ရယ် ကိုယ့်စိတ်ကို မအားလပ်အောင် Busy ဖြစ်ပြီး အသဲကွဲတာတွေ မစဉ်းစားမိအောင်ရယ် အတန်းတွေကို Overloaded တွေပဲယူဖြစ်တာ 21-22 Credits ယူတာ 3 Semesters ရှိတယ် ကျွန်မရဲ့ College Advisor ကတောင် အတန်းတွေ အကုန်အောင်ပါ့မလား စိုးရိမ်တကြီး ဖြစ်ခဲ့တယ်
ကျောင်းတက်တဲ့ တလျှောက်လုံး အတန်းတခါမှ မကျဖူးခဲ့ပါဘူး Most A's, a few B's နဲ့ အောင်ခဲ့တာချဉ်းပဲ Semesters တွေပြီးမှ Grades တွေ သွားပြမှ ကျွန်မရဲ့ Advisor ကသက်ပြင်းချနိုင်တယ် အတန်းတွေကများ စာတွေ လိုက်နိုင်အောင် စာမေးပွဲ အမှတ်ကောင်းအောင် assignments တွေ အချိန်မှိီပြီးအောင် အမြဲတမ်း Library ပိတ်ချိန် ညသန်းခေါင် ၂ နာရီမှ ပြန်ပြီး စာတွေ အသေအလဲတော့ ခေါင်းမဖော်တမ်းတော့ ဖတ်ရတာပေါ့ Semester တခုပြီးတိုင်း မျက်မှန်ပါဝါ နဲနဲစီတက်တာ အမှတ်တရပေါ့....
Australia မှာကျောင်းတက်တုန်းက စာကိုသေချာမလုပ်ခဲ့ပေမယ့် US မှာကျောင်းတက်တော့ ဘယ်လို အခက်အခဲမျိုး ကြုံတွေ့ပါစေ ကျွန်မရည်ရွယ်ချက်ကို ဘယ်လို အကြောင်းမျိုးနဲ့မှ အပြောင်းမခံခဲ့ပါဘူး အခွင့်အရေးဆိုတာ ဘဝမှာ ၂ ခါမလာတတ်သလို ပညာဆိုတာလဲ ငယ်ရွယ်စဉ်ပဲရှာလို့ရတာ အလုပ်လုပ် ပိုက်ဆံရှာတာက သေတဲ့အထိလုပ်လို့ရတယ် ဆိုတာ အမြဲ စိတ်ထဲစွဲမှတ်တတ်အောင် အသိရထားတယ်
ဒါကြောင့်မို့ ဘာပဲလုပ်လုပ် မတွေဝေ အချိန်မဆွဲပါနဲ့ မိမိအသက်အရွယ်နဲ့ ဘာလုပ်သင့်လဲ ဆိုတာ သေချာစဉ်းစားပြီး ဆုံးဖြတ်ချက် တခါတည်းချပါ ပြီးရင် တစိုက်မတ်မတ်လုပ်ပါ
ကိုယ့်ကိုကိုယ် ကျန်းမာရေးကောင်းအောင်နေပါ Physically Mentally Strong ဖြစ်အောင်နေပါ အချစ်ဆိုတဲ့အရာကို ခဏမေ့ထားပါ ကျောင်းပြီးရင် အချိန်တန်ရင် ကိုယ်နဲ့ တန်းညီသူ ထိုက်တန်တဲ့သူတယောက်ကို တွေ့လာပါလိမ့်မယ် ညီမလေး ......
Based on my life experiences.
ချစ်ခြင်းများစွာဖြင့်
xoxo 😘
Dr.Moe
#MoefromAmerica
လွတ်လပ်စွာ Share နိုင်ပါတယ်
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
Photo Courtesy: Internet
Comments
Post a Comment