သမီး College တက်ဖို့ ပိုက်ဆံ စုပေးပါ မေမေ
မြန်မာပြည်က International Student တယောက်အနေနဲ့ US မှာ ကျောင်းတက်ရင် Community College ကနေ Bachelor Degree ထိ 4 နှစ်တာ နေစရိတ် အပါအဝင် $150,000-200,000 လောက် ကုန်ကျပါတယ်
တချို့မိဘတွေလဲ ကုန်ကျစရိတ်ကို သေချာတွက်ထားကြသလို တချို့တွေကျ US ရောက်ရင်ပြီးရော ပထမတနှစ်စာပေးပြီး ကျန်တာ ကိုယ့်ဘာသာရှာ ပုံမျိုးနဲ့ လွှတ်လိုက်ကြတာလဲ တွေ့ရတယ်
ကျောင်းတကယ်သေချာတက်ရင် အလုပ်အများကြီး မလုပ်နိုင်ပါဘူး ရတဲ့ပိုက်ဆံကလဲ နေစရိတ်စားစရိတ် အကုန် cover ဖြစ်ဖို့ကမလွယ်လှပါဘူး
အမှန်တကယ် ကိုယ့်သားသမီးတယောက်ရဲ့ အနာဂတ်ကို လှပစေချင်တယ် ဘွဲ့ရပညာတတ် အလုပ်ကောင်းကောင်း ရစေချင်တယ် ဆိုရင် ငယ်စဉ်ကတည်းက College ပြီးတဲ့အထိ ကုန်ကျစရိတ်ကို Plan ထားပြီး သေချာစုထားဖို့လိုပါမယ်
US မှာ ပုံမှန်အားဖြင့် ကလေး တယောက် မွေးစကနေ အသက် 18 နှစ် ထိ မိဘအိမ်မှာနေ တာဝန်ယူကျွေးမွေးကြတယ်
U.S. Department of Agriculture က 2022 ခုနှစ် အတွက် တွက်ချက်ပေးထားတာ မွေးစကနေ အသက် 18 နှစ်ထိ ကျွေးမွေးထားဖို့ $272,049 လောက်ကုန်မယ်
အသက် 18 နှစ်ကျော်လို့ University စတက်မယ် Private ဆို ဒီထက် 2 ဆပိုကုန်နိုင်ပါတယ်
တချို့မိဘတွေကျ အသက် 18 နှစ်ထိပဲ တာဝန်ယူပေးပြီး College ကို အစိုးရဆီက ချေးတက်ခိုင်းကြတယ်
US မှာ ကလေးယူမယ်ဆို ကုန်ကျစရိတ်တွေ ခံနိုင်မှ ယူကြတာများတယ်
US မှာ ကလေးတယောက် စမွေးကတည်းက ကျောင်းလခ စုဖို့ 529 Plan (a qualified tuition plan) ဆိုတာ ရှိတယ် Tax Free အခွန်မဆောင်ရဘူး အတိုးရတယ်
ချမ်းသာတဲ့သူတွေ ဝင်ငွေ (income) ကောင်းတဲ့မိဘတွေ ငယ်စဉ်ကတည်းက ကလေးတွေကို Private School ပဲထားကြတယ်
သာမန် income 100 K အောက်ပဲရှိရင်တော့ အကောင်းဆုံးက ကျောင်းကောင်းတဲ့ ရပ်ကွက်မှာ အိမ်ဝယ်ပြီး 12 တန်းထိ ကျောင်းလခ Free ရတဲ့ Public School မှာလဲ ထားကြတယ်
ကျောင်းလခ မပေးရပေမယ့် စားစရိတ် စာအုပ်ဖိုး activities လုပ်တာ ကုန်ကျစရိတ်တွေရှိပါသေးတယ်
ကျွန်မနဲ့ သိတဲ့ Family တခုက အထက်တန်းထိ Public School ပဲထားပေးပြီး 4 years College အတွက် ကျောင်းလခ သေချာစုထားပြီးပေးတယ် သူတို့ သားသမီးတွေ College Tution ကို အစိုးရဆီကချေးမတက်ရတော့ အကြွေးကင်းကင်းနဲ့ ကျောင်းပြီးတာပေါ့
US စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖူးရင်လည်း ကျောင်းလခ 30% off ထိရတာမို့ မိဘကို ဝန်ထုတ်ဝန်ပိုးနဲစေချင်ရင် ကျောင်းလခ သက်သာစေချင်ရင် Military မှာ Join ဖို့ရွေးခြယ်နိုင်ပါတယ် (Only for US Citizen)
ကလေးတယောက် မွေးမယ် သေချာ ပြုစုပျိုးထောင်မယ် နိုင်ငံခြားမှာပဲ College ထားမယ်ဆို ငယ်စဉ်ကတည်းက Plan သေချာလုပ်ပြီး College Fund ကို စုဆောင်းပေးထားခြင်းဖြင့် မိဘရော သားသမီးပါ စိတ်ဖိစီးမှုနဲပြီး လှပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ကြမှာမို့ ငယ်စဉ်ကတည်းက စတင် စုဆောင်း ကြဖို့ တိုက်တွန်းပါရစေ
College အတွက် စစုနေကြပြီလား ပြောပြပေးကြပါဦးနော်
ဒီ Post ကိုနှစ်သက်တယ်ဆိုရင် Like ပေးပါ
သူငယ်ချင်းတွေကိုလဲ Shareပေးကြပါဦးနော်
ချစ်ခြင်းများစွာဖြင့်
Dr.Moe
#MoefromAmerica
#CollegeSaving
လွတ်လပ်စွာ Share နိုင်ပါတယ်
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
References & Photo Courtesy
- https://www.massmutual.com/financial-wellness/college-savings
- U.S. Department of Agriculture College Planning
Comments
Post a Comment