DC နဲ့ ချယ်ရီပန်းပွဲတော် 🌸
ဝါရှင်တန် ဒီစီမှာ March 22-25 ဝန်းကျင်ကြရင် ချယ်ရီပန်းပွဲတော်လာတော့မယ်
အရမ်းလှလို့ မရောက်ဖူးသေးရင် သွားကြည့်သင့်ပါတယ် ဝါရှင်တန် ဒီစီရဲ့ အစည်ကားဆုံး ပွဲတော်လေး တခုပါ
ဝါရှင်တန် ဒီစီမှာရှိတဲ့ ချယ်ရီ 🌸ပန်း အပင် ၃၀၀၀ က 1912 ခုနှစ်က ဂျပန်က ချစ်ကြည်ရေးအထိမ်းအမှတ်နဲ့ ပေးထားတဲ့ လက်ဆောင်မွန်ပါ
မတ်လကုန်နဲ့ ဧပြီလဆန်းမှာ Yoshino ချယ်ရီတွေ Peak Bloom ဖြစ်ကြလို့ 70% လောက် ပွင့်ကြတယ်
အစောဆုံးက မတ်လ 15 ရက်ကနေ နောက်အကျဆုံး ဧပြီ 18 ထိပွင့်ဖူးတယ်
How to get there?
ကိုယ့်အတွေ့အကြုံအရ ကားမောင်းသွားရင် Parking ရှာရခက်ပါတယ်
ကားကို ရထား Station 🚉 မှာရပ်ထားပြီး ရထားစီးသွားတာ ပို အဆင်ပြေတယ်
One-Day Pass ကို $14.75 ပေးရပါတယ်
ဒီ Station မှာ ဆင်းပါ
METRO: Use the Blue, Orange or Silver lines and exit at the Smithsonian Metro stop. From there, it’s a 10-15 minute walk to the Tidal Basin Welcome Area, located at 1501 Maine Avenue SW.
လူအရမ်းကြပ်တဲ့ ညနေ 4-6 နာရီအချိန်တွေရှောင်ပါ
တနေကုန်တဲ့ ခရီးမို့ လွတ်လပ်ပေါ့ပါးတဲ့ ဖိနပ်တို့ အင်္ကျီတို့ ဝတ်ပါ
ဓာတ်ပုံများများရိုက်ရမှာမို့ လှလှလေးတော့ ဝတ်သွားကြဦးနော်
ချယ်ရီပန်းပွဲတော် လာဖို့ အစီအစဉ်ရှိကြလား ပြောပေးကြပါဦးနော် 😘
🌸🌸🌸
Photo by National Park Service.
#Cherryblossom #BloomWatch #WashingtonDC
#MoefromAmerica
https://moefromamerica.blogspot.com/
Comments
Post a Comment