"Doing Something is always better than doing Nothing."



US စရောက်ကာစ ဘာလုပ်ရမလဲ မသိ စမ်းတဝါးဝါးဖြစ်နေပေမယ့် ကိုယ်လုပ်မယ်လို့ ရည်ရွယ်ထားရင် မြန်မြန်အကောင်အထည်ဖော်ပါ 

နှစ်တွေအများကြီး ကုန်သွားမှ ဆို ရည်ရွယ်ချက်တွေပျောက်သွားပြီး ဘဝအတွက် အဆင်ပြေတာတွေ အစားထိုးလုပ်ရတာတွေဖြစ်ကုန်တယ်


တခါတည်းလုပ်လို့မရရင် နဲနဲစီလုပ်ပါ

ကျောင်းတက်မယ်ဆို Full Time တက်ဖို့ အဆင်မပြေသေးရင် Part Time ကနေ နဲနဲစီတက်ပါ 

နိုင်ငံခြားသွားမယ်လို့ ပြင်ဆင်နေရင်လဲ အခုချိန် Visa ပိတ်ထားရင် နိုင်ငံခြားမှာ အသုံးဝင်မယ့် ပညာရပ်တွေ လေ့လာဆည်းပူးထားပါ


တခုခုလုပ်နေတာ ဘာမှ မလုပ်တာထက်စာရင် အများကြီးပိုကောင်းပါတယ်နော်


ဘာလုပ်ရမလဲ လမ်းပျောက်နေသူတွေအတွက် မကြာခင်မှာ Personal Growth & Development Class (PGD) ကို ဖွင့်ပေးပါမယ်နော် Stay Tuned!


စာဖတ်သူတွေရော အခု ဘာလုပ်ဖို့ ရည်ရွယ်ထားလဲ? အကောင်အထည်ရောဖော်နေပြီလား? ပြောပေးကြပါဦးနော်


xoxo 😘

#MoefromAmerica


Comments

Popular posts from this blog

"၁၀ တန်း မအောင်ရင် GED ဖြေပါ"

Free English As Second Language (ESL) Application

အိုစာမင်းစာစုပါ 401 K Retirement Saving