Gifted Hands

Happy Sunday !

Sunday မှာ ကောင်းကောင်းလေး အနားယူပြီး နောက်လာမယ့် အပတ်မှာအင်နဲ့ အားနဲ့လုပ်ဖို့ကြိုတင်ပြင်ဆင်ကြပါစို့ 

အခုချိန်မှာ နေရာတကာမှာ အခက်အခဲတွေအများကြီးနဲ့မို့ စိတ်ဓာတ်ကျတာတွေ မဖြစ်အောင် ကိုယ့်ကိုကိုယ် အမြဲ Motivation ပေးပါ 

ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်နေလား?
တိုးတက်မှုနှေးတယ်လို့ယူဆနေလား?
Healthcare Professional တယောက် ဖြစ်ဖို့စိတ်ဝင်စားတယ် ဆိုရင် Gifted Hands ဆိုတဲ့ Dr. Ben Carson ရဲ့ Life Story ကို ရိုက်ပြထားတဲ့ရုပ်ရှင်ကို ကြည့်ကြည့်ပါ

၃ တန်းပဲအောင်တဲ့ ဆင်းရဲတဲ့ Single Mom ကနေ မွေးဖွားလာပြီး တတန်းလုံးမှာ အနုံဆုံး Dummy ကနေ အရမ်းတော်တဲ့ Neurosurgeon ဦးနှောက် ခွဲစိတ် အထူးကု ဆရာဝန် ဘုရားပေးတဲ့လက် ဘယ်လိုဖြစ်လာလဲ?

Hard Work and Strong Determination တွေက အရမ်းအားကျ inspired ဖြစ်ဖို့ကောင်းသလို စိတ်ဝင်စားဖို့လဲကောင်းပါတယ် 
Netflix မှာရှိပါတယ် မိုး ကတော့ ကြည့်တာ ဒီတခါနဲ့ဆို ၃ ခါရှိပြီ 

တခါတရံ ကိုယ့်ကိုကိုယ် လမ်းပျောက်နေတယ်လို့ယူဆရင် အားပြန်တက်ပြီး ကြိုးစားချင်စိတ်ပေါက်လာအောင် Gifted Hands လို Inspiration Movies တွေ ကြည့်ပေးပါ

ကြည့်ပြီးရင် ကြိုက်လား လာပြောပေးဖို့ မမေ့နဲ့နော် 😇
ဒီကားကြည့်ဖူးသူတွေ ရော ကြိုက်လား? ဘာလို့ကြိုက်တာလဲ?

xoxo 😘
#MoefromAmerica

Comments

Popular posts from this blog

"၁၀ တန်း မအောင်ရင် GED ဖြေပါ"

Free English As Second Language (ESL) Application

အိုစာမင်းစာစုပါ 401 K Retirement Saving