Interview တခု သွားဖြေတော့မယ်ဆိုရင် အရေးကြီးတဲ့အချက် 8 ချက်
ကျွန်မ ဆယ်တန်းအောင်တော့ နိုင်ငံခြားမှာ International Student အနေနဲ့ ကျောင်းတက်ဖို့ Visa တွေ မလွယ်ကူပေမယ့် ကျွန်မ Visa လွယ်လွယ်ကူကူရခဲ့ဖူးတယ်
ကျွန်မ အဲတုန်းက ရွေးခြယ်ထားတဲ့ ဘာသာရပ်က ကျွန်မတို့ မိဘလက်ငုပ်လုပ်ငန်းကို တိုးချဲ့နိုင်မယ် အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပြီးတော့ ကျွန်မက ရွေးချယ်ထားတာလို့ ဖြေလိုက်တယ်
အရမ်းသွားချင်နေတဲ့ ကျွန်မသူငယ်ချင်းက မမျှော်လင့်ဘဲ reject ၃ ခါ ထိပေမယ့် ကျွန်မက ၃ မိနစ်တွင်း Approved တုံးရခဲ့တယ်
Student Visa ဝင်မယ်ဆိုရင် အခုရေးပေးတဲ့ အချက်တွေထဲက No. 5 အချက်ကို မိမိနဲ့ သင့်တော်မှာ စီစဉ်ဖြေဖို့ ကြိုတင်ပြင်ဆင်ထားပါ
Interview တခု သွားဖြေတော့မယ်ဆိုရင် အရေးကြီးတဲ့အချက် 8 ချက် ကို ရေးပေးလိုက်ပါတယ်=================
1. Be Prepare စာရွက်စာတမ်းတွေ ကြိုတင်သေချာပြင်ဆင်ပါ မိမိတက်မယ့်ကျောင်း အကြောင်း ဘာသာရပ် ကျောင်းပိတ်ချိန် ဖွင့်ချိန် က ဘယ်တော့လဲ? I-20 University Acceptance Letter, Bank Statement တွေ သေချာပြင်ဆင်ထားပြီး အဲထဲက Information တွေမေးခဲ့ရင် ဖြေနိုင်အောင်ကြိုးစားထားပါ
2. Practice your English American English ကိုလဲ မေးဖြေရင် နားလည်ဖို့ သေချာ လေ့ကျင့်ထားပါ
3. Body Language Interview ဖြေနေစဉ်ကာလမှာ Body Language ကလဲ မိမိကိုယ်ကို ယုံကြည်မှုရှိလား ပြသတဲ့အရေးကြီးတဲ့ အချက်ပါ မတ်မတ်ထိုင်ပြီး မေးတဲ့သူနဲ့ eye contact မျက်စိချင်းဆုံပြီး သေချာကြည့်စကားပြောပါ မျက်လွှာချထားတာ တောင်ကြည့်မြောက်ကြည့် ဘောပင်နှိပ်နေတာ ခြေထောက်ပွတ်နေတာ ကျောကိုလျှောထိုင်တာတွေ မလုပ်သင့်ပါဘူး
4. What to do during interviewမေးခွန်းတွေကို စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး ဖြေပါ Common Questions တွေအတွက် အဖြေတွေကို ကြိုစဉ်းစားထားပါ Why you want to go to .... University? What you are going to study? What your career goal is after you graduate?
5. Talk about ties to your home countryဒီ ပညာကို ဘာကြောင့်သွားသင်ချင်တာလဲ? ဒီပညာသင်ပြီး မြန်မာပြည်ပြန်လာပြီး တိုးတက်အောင်လုပ်ချင်တယ် မိဘလုပ်ငန်းကို တိုးချဲ့ဖို့ Knowledge လိုချင်လို့ အဲလိုမျိုးဖြေဖို့ အရေးကြီးပါတယ် မိဘက ဝန်ထမ်းဆိုလဲ ကိုယ်ပိုင် လုပ်ငန်း ထောင်ဖို့လို့ ဖြေနိုင်ပါတယ် ယုတ္တိရှိမယ့် လုပ်ငန်းဖြစ်ဖို့လဲ လိုပါတယ်Counselors တွေက ကျောင်းပြီးရင် မိမိတိုင်းပြည်ပြန်မယ့်လို့ ဖြေသူတွေကိုပဲ visa ပေးချင်ကြတာပါ
6. Talk about your family အိမ်ထောင်ရှိ ကလေးရှိသူတွေ ဆိုရင် ကျောင်းတက်နေစဉ်ကာလမှာ မိမိအိမ်ထောင်ဖက်က ထောက်ပံ့ပေးမယ်ဆိုတာ ဖြေလို့ရပါတယ်
7. Be Confident & Stay Positive Visa ရရင် ပျော်ရွှင်ရမယ့် အကြောင်းတွေးထားပြီး မိမိကိုယ်ကို ယုံကြည်မှုရှိအောင် စိတ်ခွန်အားပေးထားခြင်းဖြင့် Student Visa ရဖို့ လွယ်ကူစေမှာပါ
8. Express Gratitude နောက်ဆုံးမှာ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ မမေ့ပါနဲ့
အထက်ပါ အချက် 8 ချက်ထဲက ဘယ်အချက်တွေလုပ်ဖူးလဲ ပြောပေးပါဦးနော် 😍
နောင်လကျရင် Interview Skills Training Courses လေးလဲ ဖွင့်ပေးမယ်နော်
Good Luck!
ချစ်ခြင်းများစွာဖြင့်xoxo 😘Dr.Moe #MoefromAmerica
👉http://moefromamerica.blogspot.com/2022/03/interview-8.html
💌Youtube Channel လေးလဲ subscribe လုပ်ထားပါဦးနော် 👉shorturl.at/etKY9
Comments
Post a Comment