Job Shadowing
မနေ့က ညီမလေးတယောက် စာပို့လာလို့ စကားပြောဖြစ်တယ် သူ Business Major First Semster တက်ရင်း စိတ်မပါတော့လို့တဲ့
နောက်တယောက်ကျ DV ပေါက်ပြီး US အခုမှရောက်တာ ဘာလုပ်ရင်ကောင်းမလဲတဲ့
ကျွန်မတို့ မြန်မာပြည်မှာ ကြီးပြင်းလာသူတွေ အနေနဲ့က ငယ်စဉ်ကတည်းက ကျောင်းမှာလည်း စာဆို တတွတ်တွတ်ကျက်လာ အထက်တန်းအောင်တော့လဲ မိဘက ဒါတက်ဆို တက်လိုက်ကြတာပဲ မိမိဆန္ဒဆိုတာ ဘာမှန်းတောင် မသိလိုက်ရပဲ နှစ်တွေအများကြီး ကုန်ဆုံးသွားကြရတာ....
US မှာ College စတက်တော့ ကျွန်မရဲ့ ချစ်လှစွာသော Professor ပြောပြပေးလို့ Job Shadow အကြောင်း သိခွင့်ရခဲ့တယ်
ကိုယ် ဘာစိတ်ဝင်စားလဲ ဘာလုပ်ချင်လဲ မသိရင် ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ Nurse အလုပ်ပဲဖြစ်ဖြစ် Engineer အလုပ်ပဲဖြစ်ဖြစ် Job Shadow တရက်လုံး သို့ တပတ်လိုက်လုပ်ကြည့်ပါ သူတို့တနေ့တာ ဘာလုပ်လဲဆိုတာ သိရပြီး ကိုယ် အဲအလုပ်မှာ လုပ်ချင်လား သိရတာပေါ့
မိမိတက်နေတဲ့ကျောင်းက counselors, advisors, and teachers တွေနဲ့စကားပြောကြည့်ပြီး Job shadowing programs application တင်ပါ
ဆေးရုံတွေမှာဆိုရင် Volunteer Department ရှိပါတယ် Application တင်လို့ရမလား မေးပါ စမ်းလုပ်ကြည့်ပါ တခဏတာ အချိန်ပေးလုပ်ကြည့်ရင်း တသက်တာလုံး ဒီအလုပ်ကိုလုပ်နိုင်လား မိမိကိုယ်ကို စမ်းစစ်ကြည့်လို့ရပါတယ်
Job shadowing လုပ်ခြင်းဖြင့် မိမိ စိတ်မဝင်စားသော Wrong Career မှာ လုပ်ရင်း နောင်တရတာတွေ အချိန်ကုန် ငွေကုန်သက်သာစေမှာပါ
မိမိ အခုလုပ်နေတဲ့ အလုပ် တက်နေတဲ့ ဘာသာရပ်က ဘာတွေလဲ? စိတ်ပါဝင်စားမှုရောရှိလား ပြောပြပေးခဲ့ပါဦးနော် 😇
xoxo 😘
Dr.Moe
#MoefromAmerica
Reference & Photo Courtesy
https://www.alcorn.edu/academics/student-affairs/career-services/students/job-shadowing
လွတ်လပ်စွာ Share နိုင်ပါတယ်
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
Comments
Post a Comment