"Life is defined by the choices you make. So make the right ones."
ဟိုတလောက ညီမလေးတယောက်ကမေးတယ် နိုင်ငံခြားမှာနေတဲ့ အမျိုးသမီးတယောက်အနေနဲ့ ကြုံတွေ့ရတဲ့ အခက်အခဲက ဘာတွေရှိမလဲတဲ့?
မေးခွန်းက အတော်ကျယ်ပြန့်တော့ အသေအချာစဉ်းစားနေမိလို့ အခုမှ ရေးဖြစ်တယ်
အခက်အခဲတွေကတော့ အများကြီးပါပဲ အဓိက ကတော့ making the right decisions ပါပဲ
မိဘက အဝေးမှာ ဖြစ်ကောင်းဖြစ်မယ် မိဘက အတူရှိနေပေမယ့် မိဘက သားသမီး college စတက်တဲ့အခါ ရင်အုပ်မကွာ ကိုယ့်ကို အမြဲ monitor မလုပ်နိုင်တော့ဘူး
ကောလိပ်မှာ ဘာသာရပ်ရွေးခြယ်တာက အစ
ဘယ်ယောကျာ်းလေးကို date မလဲ?
ပေါင်းသင်းတဲ့ သူငယ်ချင်း
ကားမောင်းရင် speed limit နဲ့ ရဲဆီက ticket မရအောင်မောင်းတတ်ဖို့
party/ night out ဆို အိမ်ကို ရောက်အောင်ပြန်တတ်ဖို့ etc..... အများကြီးပါပဲ
လူဆိုတာ လုံးဝအမှားမရှိဖို့က မလွယ်ပါဘူး မိဘက အစစအရာရာ ဆုံးဖြတ်ပေးနေရမယ်ဆိုရင်လဲ မဟုတ်သေးဘူး နိုင်ငံခြားမှာ most teens တွေက အသက် ၁၈ ဆို မိဘနဲ့ အတူမနေကြတော့တာများပါတယ် ကျောင်းက student dormitory တွေကနေပဲ ကျောင်းတက်ကြတာ
အမှားလုပ်ပေမယ့် အမှားကို မြင်ပြီး အမှန်ရောက်အောင်ပြင်တတ်ဖို့ အရေးကြီးပါတယ်
အသက် ဆယ်ကျော်သက်နဲ့ ၂၀ အစပိုင်းဆို အချိနိတွေကပေါနေလို့ life ကို serious မထားလို့ရပေမယ့် အသက် ၂၃ လောက်ဆို ကိုယ့် life မှာဘာဖြစ်ချင်လဲ plan ချထားသင့်ပါတယ် အသက် ၂၀-၃၀ ကြားမှာ ဘဝ career အတွက် ကျောင်းသေချာတက်ခဲ့ရင် အသက် ၃၀ အရွယ်မှာ ကိုယ်ဟာ ယောင်ဝါးဝါး မဖြစ်တော့ပါဘူး
ဒါကြောင့်မို့ လူငယ်လေးတွေကို မိုး အနေနဲ့ ပြောပြချင်တာက နိုင်ငံခြားသွား ကျောင်းတက်ချင်ကြတယ်ဆိုရင် မကြောက်ကြပါနဲ့
ဘဝမှာ ရွေးခြယ်ရမယ်ဆိုရင် သေချာစဉ်းစားပါ ကိုယ်စိတ်ဝင်စားတာ နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုပါ စိတ်ဝင်စားတဲ့ ဘာသာရပ်ကိုပဲ သင်ယူပါ
"Life is defined by the choices you make. So make the right ones."
Stay tuned for more lifestyles tips.
xoxo 😘
#MoefromAmerica
Your Daily Dose of Brain Power
💌 Subscribe on youtube: shorturl.at/etKY9
Comments
Post a Comment