Tips For Handling Homesickness


ပြီးခဲ့တဲ့  weekend တုန်းက အိမ်ကနေ 4 နာရီလောက်မောင်းရတဲ့ သူငယ်ချင်းဆီ သွားလည်ဖြစ်တယ်


သူနဲ့ US ရောက်တာ တချိန်တည်းပဲ 

ဒါပေမယ့် သူက 2 နှစ်လောက်နေပြီး homesick  ဖြစ်လို့ပြန်သွားတာ အခုပြန်လာတာ နှစ်ပိုင်းပဲရှိသေးတယ် 


Homesick အရမ်းဖြစ်ရင်လဲ ဘာမှလုပ်ချင်စိတ်မရှိဘူး ဖြစ်တတ်တယ်...


လူတိုင်း မွေးရပ်မြေက စထွက်လာရင် မိသားစုကို လွမ်း သူငယ်ချင်းတွေ အိမ်မွေးတိရစ္ဆာန်လေးတွေကို သတိရတာတွေရှိကြပါတယ် 


Homesick ဖြစ်တာနဲအောင် ဘယ်လိုလုပ်ကြမလဲ

  1. Social Media သိပ်မကြည့်ပါနဲ့ Facebook မှာ သူငယ်ချင်းတွေလျှောက်သွား လျှောက်စားတာကြည့်ပြီး ငါလဲ လိုက်ရရင်ကောင်းမှာဆိုတဲ့ စိတ်တွေကဖြစ်ဖြစ်လာရော 
  2. ကျောင်းမှာ အလုပ်မှာ သူငယ်ချင်းသစ်တွေ မိတ်ဖွဲ့ပါ
  3. စာများများဖတ်ပါ ရုပ်ရှင်ကြည့်ပါ လည်ပတ်စရာနေရာတွေ လျှောက်သွားပြီး မိမိကိုယ်ကို Busy ဖြစ်အောင် အချိန်ပို မရှိအောင် နေပါ
  4. မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ ချစ်ခင်ရသူ တွေကို ဖုန်းဆက်ပါ (တနေကုန် ဖုန်းပြောတာ ခဏခဏ ဖုန်းဆက်တာတော့ မလုပ်နဲ့ပေါ့နော်)
  5. အချိန်ပို ငေးနေဆွေးနေရတာနဲအောင် တနေ့တာ ဘာလုပ်မလဲဆိုတာ တနေ့တာ Plan ဆွဲထားပြီး Plan အတိုင်းလုပ်ပါ 


Homesick ဖြစ်ဖူးလား?

ဘယ်လိုဖြတ်ကျော်ကြလဲ?


ဒီ Post လေးက မိတ်ဆွေတို့ကို အထောက်အကူဖြစ်စေတယ်ဆိုရင် comment မှာ Yes လို့ရေးပေးခဲ့ပါဦး


xoxo 😘

မမမိုး

#MoefromAmerica

#Homesickness

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

US မှာ International Student အနေနဲ့ ကျောင်းတက်မယ်ဆိုရင် သိထားသင့်တာလေးတွေပါ

Introduction