US မှာ International Student အနေနဲ့ ကျောင်းတက်မယ်ဆိုရင် သိထားသင့်တာလေးတွေပါ
US မှာကျောင်းတက်ရင်
First year - Freshmen
Second Year Sophomore
Third year -Junior
Fourth year-Senior လို့ခေါ်ပါတယ်
တနှစ်ကျောင်းစရိတ် အကြမ်းဖျင်းပါ
▪️Community College တနှစ်: $8000 and above
▪️University (Bachelor Degree) တနှစ်: $15,000 and above
▪️Master Degree တနှစ်: $20,000 and above
▪️Doctorate Degree တနှစ်: $30,000 and above
US မှာ Colleges and Universities ပေါင်း 5000 ကျော်ရှိပါတယ် Beauty Schools ကနေ Government က Fund လုပ်ပေးထားတဲ့ Public Universities တွေရှိသလို Harvard University လို ကိုယ်ပိုင် Private Fund နဲ့ တည်ထောင်ထားတဲ့ Ivy League research universities တွေထိ အစုံပါပဲ
ကျောင်းအလိုက် နာမည်ကြီးတဲ့ ဘာသာရပ်တွေရှိကြတယ် တချို့ ဘာသာရပ်ကျ အလုပ်သွားလျှောက်ရင် ဘယ်ကျောင်းကထွက်တာလဲကိုကြည့်ကြတယ် တချို့ကျ အဲဘွဲ့ရှိထားရင်ရပြီ
IT (Information Technology) လို ဘာသာရပ်မျိုးဆို ဘယ်ကျောင်းကထွက်လဲ က အရေးကြီးပါတယ် IT နာမည်ကြီးတဲ့ ကျောင်းတွေပါ
1. Cornell University — Ithaca, NY
3. New York University — New York, NY
4. Carnegie Mellon University — Pittsburgh, PA For Details: https://tinyurl.com/57wznjpw
Medical Fields တွေကျ ဘယ်ကျောင်းကပြီးတာလဲ သိပ်မကြည့်ကြဘူး License ရှိရင်ရပြီ
နာမည်ကြီးတဲ့ကျောင်းတွေက ဝင်ခွင့်ခက်သလို ဈေးလဲကြီးကြတယ် နာမည် အသင့်အတင့်ရှိတဲ့ကျောင်းမှာတက်ပြီး GPA (Grade Point Average) ကောင်းကောင်းထိန်းထားနိုင်ရင်လဲ အလုပ်ရှင်တွေ သဘောကျကျပါတယ်
ကျောင်းတက်ရင် နေစရိတ် စားစရိတ် တလ $1500-2000 ဝန်းကျင် ကုန်ပါတယ်
Semester အစဆို စာအုပ်ဝယ်ရတာ $400-500 လောက်ရှိတတ်တယ်
စားစရိတ်က ဘယ်နေရာနေနေ သိပ်မကွာပေမယ့် နေစရိတ်က မြို့ကြီးတွေမှာ ပိုဈေးကြီးပါတယ်
Community College မှာ Lower division General Education requirements 2 နှစ်လောက်တက်ပြီးမှ University မှာပဲ တက်လို့ရမယ့် Major Subjects တွေကို နောက်ဆုံး 2 နှစ် ကျမှ Transfer လုပ်ပြီးတက်တာ Cost Saving အဖြစ်ဆုံးပါပဲ
Scholarships တွေလဲ ရသလောက်လျှောက်ပါ
ပညာရွှေအိုး လူမခိုးဆိုတဲ့ စကားပုံလို Education ကလဲ ရင်းနှီးမြှုပ်နှံမှု investment တခုပါ International Student ဆို မိဘတတ်နိုင်တဲ့ အပေါ်မူတည်ပြီး ကိုယ်လဲ စိတ်ဝင်စားမယ့် ဘာသာရပ် 4 year Bachelor Degree လောက်နဲ့ အလုပ်ကောင်းကောင်းရနိုင်တာမျိုး H1B Work Visa Sponsor ရနိုင်တဲ့ ဘာသာရပ်မျိုးတွေ ရွေးတက်သင့်ပါတယ်
ကျောင်းပြီးလို့ မြန်မာပြည်ပဲပြန်ပြီး အလုပ်လုပ်မယ်ဆို Asia ပိုင်းမှာ Popular ဖြစ်တဲ့ ဘာသာရပ်တွေ ရွေးခြယ်တက်ပါ
ဘယ် State မှာကျောင်းတက်ဖို့ ရွေးကြမလဲ?
မြို့ကြီး New York တို့ San Francisco တို့ Los Angeles မှာ မြန်မာများတယ် ပွဲတွေများတယ် ပိုက်ဆံအကုန်အကျများတယ် အထီးကျန်ဖြစ်မနေဘူး
နေစရိတ် စားစရိတ်အရမ်းမြင့်တယ်
ကိုဗစ်ဆို ကူးစက်တာ ပိုမြန်တယ်
Asian Hate Crimes တွေရှိလို့ ကြောက်ရတာတွေရှိတယ်
မြို့သေးတွေမှာနေရင် မြန်မာသိပ်မရှိကြလို့ အထီးကျန်တာ မြန်မာစာသိပ်မစားရတာ တွေတော့ရှိတယ် (စာတိုက်ကနေ Shipping ခအကုန်အကျခံမှာရင်တော့ရပါတယ်)
ကုန်ကျစရိတ် သက်သာတယ် နေစရိတ်စားစရိတ် မမြင့်ဘူး
ပွဲတွေ သိပ်မရှိတော့ ကျောင်းတက်ရင် ပို Focus လုပ်နိုင်တယ် ဒီနိုင်ငံကလူတွေနဲ့ပဲပေါင်းရတော့ Cultural Different တော့ရှိတယ်
ဘယ်အရာမဆို ကောင်းတာနဲ့ဆိုးတာ ဒွန်တွဲနေတတ်တာမို့ မြို့ကြီး မြို့သေး ဘယ်နေရာပဲနေနေ Budget လဲချိန် အချိန်မှန်မှန်ကျောင်းတက် GPA ကောင်းကောင်းရအောင်လုပ် ကျောင်းပြီးဆုံးအောင်လဲတက် ကိုယ်တိုင်လဲပျော်ဖို့ လိုပါတယ် ....
US မှာ ကျောင်းလာတက်မယ် ကျောင်းတက်နေတယ်ဆိုလဲ ဘာတက်နေလဲ ပြောပြပေးကြပါဦးနော်
xoxo 😘
Dr.Moe
#MoefromAmerica
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
References & Photo Courtesy
1. https://www.statista.com/chart/amp/3673/where-foreign-students-face-the-highest-university-fees/
2. https://educationdata.org/average-cost-of-college-by-country
Hi Thanks for Sharing.
ReplyDelete