Are you Survivor or Victim?
လူရယ်လို့ဖြစ်လာရယ် ၂ မျိုးပဲရှိတယ် Survivor လား? Victim လား?
Victim ဆိုတာ အားငယ်တတ်သူ powerless သူများ သနားတာ ခံချင်သူ
Survivor ဆိုတာ အခက်အခဲတွေကြားမှာ ရုန်းထွက်နိုင်သူ reclaimed their power ဘယ်တော့မှ လက်လျှော့ အရှုံးမပေးတတ်သူ
နိုင်ငံရပ်ခြားမှာ အောင်မြင်ချင်ရင်တော့ Survivor Mentality ရှိမှရမယ် အခက်အခဲ တခုခုဖြစ်တိုင်း မလုပ်တော့ဘူး ရပ်လိုက်တာ ကိုယ့်ဘာသာ အမြဲတွေးတောပြီး သနားနေတတ်တဲ့ Victim Mentality ရှိရင်တော့မရဘူး ဘယ်လောက်ပဲ အခက်အခဲရှိနေပစေ ဖောက်ထွက်နိုင်မှ ရုန်းထွက်နိုင်မှ ကြံ့ကြံ့ခံတဲ့ စိတ်မျိုးရှိပါစေ
ပိုရှင်းအောင် English လိုဖတ်ကြည့်နော် "A survivor mentality is a frame of mind that promotes self-empowerment and a person's ability to overcome a traumatic event. Focusing on the ability to survive rather than being a victim can help prevail over life's challenges instead of being held back or defined by them."
2016 ခုနှစ်တုန်းက ကျွန်မ car accident အကြီးအကျယ်ဖြစ်ဖူးတယ် 3 နာရီ short trip လေးသွားတာ ကိုယ်ကမောင်းသူတော့ မဟုတ်ဘူး ဘေးကစီးသူ Passenger မိုးရွာတော့ ကားက ချော်ပြီး ချောက်ထဲကျသွားတာ ၃-၄ ပတ်လည်ထွက်သွားတယ်လို့ နောက်ကားက မြင်သူတွေကပြောပြကြတယ် ကားမောင်းတဲ့သူက ဘာမှ မဖြစ်ပေမယ့် Passenger ဖြစ်ပြီး seat belt လဲ သေချာတပ်ထားတဲ့ ကျွန်မက C2 နဲ့ C5 လည်ပင်းရိုးကျိုးသွားတယ် ကားက တစီးလုံး ကြေမွပြီး သုံးစားမရ Total ဖြစ်လို့ ပစ်လိုက်ရတယ် ကားလေးကလဲ နှမြောတာဆိုတာ အသစ်စက်စက်ဝယ်ထားပြီး ကျောင်းတက်စဉ်ကာလ 4 years ပဲစီးထားဖူးတဲ့ကား 🥲
ကျိုးသွားတဲ့ လည်ပင်းရိုးထဲက C5 ဆိုတဲ့ တချောင်းက အရမ်းဆိုးတယ် C5 Fracture ဆိုတာ Hangman's Fracture လို့ခေါ်ကြတယ် ဆွဲကျိုးချသတ်သေသူတွေမှာ C5 လည်ပင်းရိုးပြတ်သွားရင် သေပြီ ဓာတ်မှန်ထဲမှာ ကျွန်မ ရဲ့ C5 အရိုးက ပြတ်ဖို့ အပ်ချည်တမျှင်စာ တဲတဲလေးပဲလိုတော့တာ ကံကောင်းလို့ မသေတာလို့ ဆရာဝန်ကပြောတယ် မသေရင်တောင် ရာသက်ပန် paralysis သွက်ချာပါဒဖြစ်တာ wheelchair နဲ့နေရတဲ့ အထိဖြစ်သွားနိုင်တာမျိုးပါ
ဆရာဝန်တွေက operation လုပ်ရနိုင်တယ် ခွဲစိတ်ချင် ခွဲစိတ်ရနိုင်တယ် စောင့်ကြည့်မယ်ဆိုပြီး ICU မှာ ၃ ရက်တိတိ အရည်ပဲသောက် ဘာမှ မစားပဲနေခဲ့ရတယ် နောက်တော့ အိမ်ပြန်ခိုင်းပြီး Neck Collar နဲ့ ၆ လတိတိနေရတယ် အိပ်ရင်တောင် လှုပ်တိုင်းနာလွန်းလို့ လည်ပင်းမလှုပ်အောင် အိပ်ရတာ 🥲
ဒါပေမယ့် ကျွန်မ အသိ သူငယ်ချင်း မိတ်ဆွေတော်တော်များများကို လိုက်မပြောပြဖြစ်သလို မြန်မာပြည်က မိသားစု မိဘတွေတောင် အရိပ်အမွက်ပဲပြောပြခဲ့တာ သူများကိုယ့်အတွက် စိတ်ပူတာ သနားတာ မဖြစ်စေချင်လို့ပါ...အိမ်မှာလာကြည့်မယ် သူငယ်ချင်းတွေ classmates တွေက အလှူငွေတွေထည့်ချင်တာလဲ လက်မခံခဲ့ဖူးဘူး
ကျွန်မက အရမ်း Outgoing ဖြစ်သူ နေ့တိုင်း ကားတစီးနဲ့ အပြင်ထွက်နေတတ်သူ Driving Across the State 9-12 hours ခရီးကို တယောက်တည်း မောင်းပြီး အမြဲသွားနေကြပဲ ဘယ်မှမသွား ဘာမှမလုပ်ရပဲ Neck Collar နဲ့ ၆ လနေရမယ် ဆိုတဲ့ အချိန်ကို စဉ်းစားမိတိုင်း စိတ်ဓာတ်ကျ Depression ဖြစ်ဖြစ်သွားတယ်
ဒါပေမယ့် ကျွန်မ လည်ပင်းရိုးကျိုးပြီး Neck Collar နဲ့နေနေရတယ်ဆိုတဲ့ အသိ ကိုယ့်ဘာသာကိုယ်မေ့ထားရတယ် ကိုယ့်ဘာသာ သာမန်လူတယောက်အနေနဲ့ပဲ ယူဆထားတယ် ကိုယ့်ဘာသာ ထရပ်ဖို့ လှေကားဆင်းဖို့တောင် အခက်အခဲရှိလို့ အနားမှာ လူတယောက် အမြဲစောင့်ကြည့်နေပေးဖို့ Orthopedics Specialist က Recommend လုပ်တာတောင် အတတ်နိုင်ဆုံး သူများ အားကိုးဖို့ မလိုအောင် ကိုယ့်တကိုယ်ရည် ကိစ္စ ရေချိုးတာကလွဲလို့ စားသောက်တာကအစကိုယ့် ဘာသာပဲ လုပ်တယ်
အဲဒီ လှုပ်မရတဲ့ လည်ပင်း Neck Collar တပ်ရက် နဲ့ပဲ မလှုပ်ပဲလုပ်နိုင်တာ စိတ်ဓာတ်ကျနေတာတွေမတွေးမိရလေအောင် ကိုယ့်ကိုကိုယ် Mentally Busy ဖြစ်အောင် စာတွေကျက် ဖြေစရာရှိတဲ့ စာမေးပွဲ ၂ ခု သွားဖြေခဲ့တယ် Pearson Test Center က စာမေးပွဲခန်းစောင့်တဲ့သူကတောင် နင်ဖြစ်ပါ့မလား စိတ်ပူပြီးမေးရတယ် ရပါတယ် "Don't worry about me, I am okay" ပဲပြန်ဖြေဖြစ်ခဲ့တယ်
အသက် ငယ်ရွယ်တဲ့သူတယောက်ဖြစ်တာမို့ ခွဲစိတ်စရာမလိုပဲ Neck Collar ၆ လလောက် တပ်ထားရုံနဲ့ အရိုးပြန်ဆက်သွားခဲ့ပါတယ်အခု အရိုးကဆက်သွားပေမယ့် တခါတလေ လည်ပင်းရိုးက နဲနဲနာတတ်သေးတယ်
အဲဒီအဖြစ်အပျက် အပြီး မိုးရွာရင် Cruise Control နဲ့ ကားမမောင်းသင့်ကြောင်းနဲ့ ကျွန်မကိုယ် ကျွန်မသိလိုက်ရတာက ဘယ်တော့မှ Victim ဖြစ်ချင်သူ မဟုတ်ခဲ့ပဲ Always Survivor ဖြစ်မယ့်သူဆိုတာပါပဲ ....
စာဖတ်သူတွေကရော Survivor လား? Victim လား? မန့်ခဲ့ပေးပါဦးနော်
ဒီစာက Victim တွေကို Blame တာမဟုတ်ပါဘူးနော် Encourage လုပ်ပေးချင်တာပါ အကယ်လို့ Victim ဆိုရင်လည်း Survivor ဖြစ်အောင် အားယူမွေးမြူပါ
ချစ်ခြင်းများစွာဖြင့်xoxo 😘Dr.Moe #MoefromA merica
⛔မည်သည့်နေရာမှ ကူးယူဖော်ပြခွင့်မပြုပါ လွတ်လပ်စွာ Share နိုင်ပါတယ်
👉http://moefromamerica.blogspot.com/2022/04/are-you-survivor-or-victim. html
Comments
Post a Comment