ပိုက်ဆံခြွေတာပါ Books 📚


 


စာဖတ်တာ ဝါသနာပါတယ်ဆိုရင် စာအုပ်တွေကို Amazon တို့ စာအုပ်ဆိုင်တွေက ဝယ်မယ့်အစား မိမိနေတဲ့ ရပ်ကွက်က Local Public Library 📚 မှာ သွားရှာကြည့်ပါ 


မိမိက အခွန်ပေးပြီး နေနေတာဖြစ်တဲ့အတွက် အဲရပ်ကွက် community မှာ ရှိတဲ့ Library က Resources တွေကလဲ မိမိနဲ့ သက်ဆိုင်ပါတယ်

Library Card လုပ်ထားပါ


Library တွေမှာ website ရှိပါတယ် အဲကနေ ကိုယ်လိုတဲ့ စာအုပ် DVDs 📀 တွေ ရှာလို့ရသလို Library ကို ဖုန်းဆက်မေးလို့လဲရပါတယ် 

မရှိခဲ့ရင်တောင် တခြားရှိတဲ့ Libraries တွေကနေ Transfer ပေးပါတယ်

(ခြွင်းချက် အနေနဲ့ Textbooks တွေတော့ မရတတ်ပါဘူး


စာအုပ်တွေက တခါဌားရင် အုပ် ၃၀ နဲ့ ပတ်ဌားလို့ရပါတယ်  Library တခုနဲ့ တခုတော့ မတူကြဘူးပေါ့နော်

online က app နဲ့လဲ ဌားလို့ရပါတယ် 

ကျွန်မနေတဲ့နေရာမှာ Hoopla ဆိုတဲ့ App ကနေ တလ 5 အုပ် သို့ 5 DVDs 📀 ဌားလို့ရပါတယ်


မဖြစ်မနေဝယ်ရမယ်ဆိုရင် https://www.thriftbooks.com မှာလဲ ဈေးသက်သက်သာသာဝယ်လို့ရပါတယ်

Online ကနေလဲ Free PDF တွေလဲရှာပြီး download လုပ် ဖတ်လို့ရပါတယ်


စာဖတ်ဝါသနာပါလို့ တပတ်ကို Library 2-3 ခါလောက် သွားနေကျမို့ ကိုယ်တိုင် အမြဲ ကျင့်သုံးဖြစ်နေတဲ့ Money Save ဖြစ်စေတဲ့ နည်းလမ်းလေးတွေမို့ Share ပေးလိုက်တာပါနော်


တခြား လိုအပ်လို့ ဖြည့်စွက်ချင်တာရှိရင်လဲ comment မှာ ရေးပေးခဲ့ကြပါဦးနော်


With Love ❤️

#MoefromAmerica

#MoneySavingTips


ပိုက်ဆံဘယ်လို ခြွေတာရမလဲ ပြောထားတဲ့ Videos လေးတွေလဲကြည့်လို့ရပါတယ်

👉https://youtu.be/WSLdFLmZ7Ig

👉https://youtu.be/Ec_vOoXB6ds

👉https://youtu.be/Y1CWGYmI4_o

=========================

💌  shorturl.at/etKY9


(နောက်ပိုင်း video တွေကို YouTube မှာပဲ တင်ပေးမှာမို့ အပေါ်က link အတိုင်း မိုး ရဲ့ YouTube channel ကို subscribe လုပ်ပေးပါဦးနော်။ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏)

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

US မှာ International Student အနေနဲ့ ကျောင်းတက်မယ်ဆိုရင် သိထားသင့်တာလေးတွေပါ