"Do what you love"



ကျွန်မတက်တဲ့ အတန်းက Zumba ဆရာမ 

လုပ်သက်က ၁၁ နှစ်ရှိပြီ

သူ့ကြည့်ရင် အမြဲတက်ကြွနေတာပဲ သင်ပေးရင် စိတ်လဲပါတယ် အတန်းကလူတွေ နာမည်အကုန်လုံးလဲ သိတယ် 

သူ့အတန်းပဲ အမြဲရွေးတက်ဖြစ်တယ်

သူ့အတန်းက လူအမြဲပြည့်တယ် တခြား Zumba Instructor တွေသင်ရင် သူ့အတန်းရဲ့ သုံးပုံတပုံ လောက်ပဲ လူတွေရှိတယ် 


ကိုယ်တိုင်စိတ်ပါတဲ့အလုပ်လုပ်နေတာနဲ့ ပိုက်ဆံရဖို့ အလုပ်လုပ်နေရတာ မတူဘူး


ဒါကြောင့် "Do what you love" ကိုယ်ကြိုက်နှစ်သက်ပြီး စိတ်ပါဝင်စားတဲ့အလုပ်ကိုလုပ်နေရရင် အလုပ်လုပ်တယ် ဆိုတာတောင် ထင်မှာ မဟုတ်ဘူး 


နိုင်ငံခြားမှာကျောင်းတက်မယ်ဆိုရင်လဲ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးတက်ပါ 

US မှာကျောင်းတက်ရင်ကောင်းတာ တခုက ပထမ နှစ်မှာ General Education သင်ရတာမို့ ကိုယ်ဘာကြိုက်လဲ လေ့လာလို့ရတယ် 


Maths အားသန်တာလား Chemistry, Biology , Physics လား Economy လား?

ကိုယ်အားသန်တာကိုကြည့်ပြီး ဘယ်ဘာသာရပ်ယူမလဲ စဉ်းစားလို့ရတယ်


ကျွန်မဆို Maths & Chemistry အားသန်တယ် အားရင် သူငယ်ချင်းတွေကိုတောင် Tutor သင်ပေးဖြစ်တယ် ဒါကြောင့် Pharmacy ယူဖြစ်တာ 

နောက်တခုက ဘာစိတ်ဝင်စားလဲ မသိရင် Job Shadowing တွေလိုက်လုပ်ပါ

ကျွန်မကို Mentorship ပေးတဲ့ ကျောင်းက Professor ဆို Bio Lab မှာလုပ်ခိုင်းတယ် နောက် ဆေးရုံမှာ Volunteer လုပ်ဖို့လဲပြောတယ်  အဲဒါတွေလုပ်ဖြစ်တယ်


Posts တွေရေးထားဖူးပါတယ် ဖတ်ကြည့်လို့ရပါတယ်

👉https://www.facebook.com/MoefromAmerica/photos/a.1418503291953046/1419791185157590/?type=3

👉https://www.facebook.com/MoefromAmerica/photos/a.293687561101297/1433437887126253/?type=3


တခြားနိုင်ငံတွေရဲ့ ပညာရေးကျ US လိုမဟုတ်ဘူး For example: Australia ဆို Accounting ယူမယ်ဆို အဲဘာသာရပ်နဲ့ဆိုင်တာပဲ သင်ရတယ်

US မှာကျ Psychology , Sociology, Physical Education အဲလိုတွေလဲယူရတော့ Knowledge ပိုကြွယ်ဝတယ် well-rounded ဖြစ်စေတယ်လို့ထင်မိပါတယ်


ပထမဆုံး အရေးကြီးတာက ကိုယ်စိတ်ဝင်စားတာကို သိအောင်အရင်လုပ်ပါ "Choose a job you love and you'll never have to work a day in your life” – Confucius.


ကျောင်းတက်ရင်း on campus အလုပ်လုပ်မယ်ဆိုရင် ဘာတွေလုပ်လို့ရလဲ ဒီ Video မှာကြည့်ပေးနော်

👉How to get a job on campus?

https://youtu.be/E3zyWdwxd94


With Love ❤️

#MoefromAmerica

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application