စည်းစံနစ်တကျ တိုးတက်တဲ့သူ တယောက်ဖြစ်ဖို့ Goals တွေကို သေချာချမှတ်ပါ
လူတိုင်းမှာ Long-term Goals & Short-Term Goals တွေရှိသင့်တယ်
Short-Term Goals ဆိုတာက အခုမကြာခင်လုပ်တော့မယ့် ကိစ္စတွေအတွက်ပါ
ဒီနေ့ ဒီအပတ် ဒီလ အတွင်း ဖြစ်အောင်လုပ်မယ့် ကိစ္စတွေအတွက်
For Example:
▪️Take a class
▪️Buy a new television
▪️Write my resume
Long-Term Goals ဆိုတာက 3 နှစ်အတွင်း 5 နှစ်အတွင်း 10 နှစ်အတွင်း ဖြစ်အောင်လုပ်မယ်လို့ ရည်စူးထားတာတွေအတွက်ပါ
For Example:
▪️Graduate from college
▪️Save for retirement
▪️Have my own business
Short-Term Goals ချမယ်ဆိုရင် မနက် အိပ်ရာထလာတာနဲ့ ဘာလုပ်မလဲ? ဒီနေ့ ဘာတွေပြီးရမလဲ?
ကျောင်းသားတယောက်ဆိုလဲ ဒီနေ့ ဘာစာဖတ်မလဲ စာမျက်နှာ 50 ပြီးအောင်ဖတ်မယ်ဆို တကယ်ပြီးအောင် ဖတ်ပါ
5 နာရီ စာဖတ်ချိန်ပေးထားရင် တနာရီ 10 မျက်နှာနှုန်းနဲ့ alarm ပေးထားပြီး တကယ် ပြီးအောင် စိတ်နှစ်ပြီးဖတ်ပါ
Long-Term Goals ချမယ်ဆိုရင် ဘဝမှာ ဘာတွေ ပြီးမြောက်အောင်မြင်ချင်လဲ? မြင်ယောင်ကြည့်ပါ နောင် ၁၀ နှစ်ဆို ဘာဖြစ်ချင်လဲ?
၆ လမှာ ဘာတွေပြီးမြောက်ရမလဲ?
တနှစ်အတွင်း ၅ နှစ်အတွင်း?
အဲလိုပြီးမြောက်အောင် လစဉ်ဘာတွေလုပ်ရမလဲ?
အကယ်လို့ ကိုယ့်ရဲ့ Goals ကကြီးနေတယ် များနေလို့ မဖြစ်နိုင်ဘူး စိတ်ဓာတ်ကျနေတယ်ဆိုရင် အလွယ်တကူ ပြီးမြောက်နိုင်မယ့် အသေးလေးတွေ အရေးကြီးတာတွေကနေ စလုပ်ပါ
မိမိရည်ရွယ်ချက် Goal ကို စံနစ်တကျ ချမှတ်ထားခြင်းဖြင့် စိတ်လေတာ စိတ်ဓာတ်ကျတာနဲသွားပြီး အချိန်တိုတွင်း မိမိလိုရာပြီးမြောက်နိုင်ပါတယ်
အကယ်လို့ Goal ချမှတ်တာတွေ မလုပ်တတ်ဘူး ဦးတည်ချက်ပျောက်နေတယ်ဆိုရင် appointment ယူပြီး လာဆွေးနွေးလို့ရပါတယ်နော်
နောင်ဖွင့်မယ့် Personal Development သင်တန်းမှာလဲလာတက်လို့ရပါတယ်
ချစ်ခြင်းများစွာဖြင့်
xoxo 😘
Dr.Moe
#MoefromAmerica
Youtube မှာလဲ subscribe လုပ်ပေးထားပါဦး
💌 Subscribe on youtube: shorturl.at/etKY9
Photo Courtesy : Internet
Comments
Post a Comment