"Job Interview Skills"



ကျွန်မ မနေ့က Forune 50 company တခုနဲ့ အလုပ် interview ဖြေတယ် အခုနောက်ပိုင်း US မှာ လူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အလုပ်ဆို psychology ဆန်ဆန် မေးခွန်းတွေမေးတယ်

Case Scenarios တွေမေးတယ် ဒီကိစ္စတခုမှာ နင်သာဆိုရင် ဘယ်လိုဖြေရှင်းမလဲ?

Tell me about yourself
အဲလို မေးခွန်းဆိုရင် ကိုယ်ဖြေတဲ့ အဖြေပေါ်မူတည်ပြီး ဒီလူက ဘယ်လိုလူမျိုးလဲ သုံးသပ်ကြတယ် ကိုယ့်ဘာသာ self-confidence ရှိသူလား ကြောက်တတ်သူလား Humble ဖြစ်သူလား?

Case Scenarios ဆိုလဲ ကိုယ်လုပ်တဲ့ အလုပ်က ဘာလဲပေါ်မူတည်တယ်
ကျွန်မအလုပ်က Leadership ပေးရတဲ့ အလုပ်မျိုးမို့ interviewer ကမေးတာ ကိုယ့်လက်အောက်က လူတွေကို ဘယ်လို influence လုပ်မလဲတဲ့?
အလုပ်ထဲမှာ လူတွေကို တန်းတူဘယ်လိုဆက်ဆံမလဲ? US မှာက အလုပ်ထဲ အဖြူ အမဲ asian spanish အစုံရှိတဲ့အတွက် အသားအရောင်မခွဲခြားပဲ ဆက်ဆံတတ်ဖို့က အရေးကြီးပါတယ်
အဖြေတွေက အမှားအမှန်တော့ မရှိပါဘူး ဒါပေမယ့် ကိုယ့်အဖြေပေါ်မူတည်ပြီး  စိတ်နေစိတ်ထားကို အကဲခတ်ကြတာ

ဖြေတာ မကြိုက်ရင် ဆီလျှော်တဲ့ အဖြေမပေးနိုင်ရင် "I will contact you back later" လို့ပြောလိမ့်မယ် ကြိုက်ရင်တော့ "I will send you offical job offer" လို့ပြောလိမ့်မယ်

လစာများတဲ့အလုပ်ဆိုရင် မခန့်ခင် အလုပ်နဲ့ဆိုင်တဲ့ Resume/CV သေချာရေးတင်ရသလို interview အဆင့်ပေါင်းများစွာဖြတ်ကျော်ရတယ် ဒီအလုပ်ဆို online ကနေလဲ တခါဖြေရ phone interview 3 ခါတောင်ဖြေရတယ်

Interview သွားမယ်ဆိုရင် ကိုယ့်ဘာသာ အတတ်နိုင်ဆုံး မေးနိုင်မယ့် မေးခွန်းတွေကို စဉ်းစားထားပြီး လေ့ကျင့်ထားဖို့လိုမယ်နော်

With Love ❤️
#MoefromAmerica

Photo: Internet

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application