"Love the Way You Are"



ဒီနေ့ ပါတီသွားရင်း အရင်ကသိတဲ့ အတွဲက Beach မှာ မင်္ဂလာဆောင်တာ ရက် ၂၀ ရှိသွားပြီတဲ့

ဒါနဲ့ ကျွန်မလဲ သတို့သမီး K ကို စကားစမြည်ပြောကြည့်တယ် သူမနဲ့ သူ့ယောကျာ်း A တို့ Date လုပ်တာ ၃ နှစ်ခွဲရှိမှ wedding 👰 လုပ်ကြတာ သူမက စဒိတ်ပြီး တနှစ်လောက်ကတည်းက ready ဖြစ်နေတာ ကောင်လေးက ယူမယူ မသေချာလို့ သူမကလဲ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတာ အခုမှ သူမ အရမ်းပျော်နိုင်တာတဲ့

ကောင်လေးက သူ့ထက် ၅ နှစ်ငယ်တယ် သူ့အမေက ကလေးတွေကို အရမ်းနှိပ်စက်တာ ဟင်းအသိုးတွေ ကျွေးတာ ကြောင်သေနဲ့ တခန်းတည်းနေခိုင်းတာ... စကားလုံး Verbally Abusive နဲ့ နှိပ်စက်သလို စိတ်ဓာတ်ရေးရာအရ လဲနှိပ်စက်တယ် Emotionally abusive လဲ ဖြစ်တယ် ကောင်လေးက socially awkward ဖြစ်ပြီး နဲနဲ ပေါင်းသင်းရခက်တယ် 

K ကပြောတယ် A ကပ်စီးနဲတယ် ပေါင်းရသင်းရခက်တယ် သာမန်လူလိုမဟုတ်ပဲ unique ဖြစ်တယ်ဆိုပေမယ့် သူမက A ကို ဘာပဲဖြစ်ဖြစ်နားလည်ခွင့်လွှတ်နိုင်လို့ A နဲ့ စဒိတ်ပြီး တနှစ်ကတည်းက သူမက အရာရာကိုရင်ဆိုင်ဖို့အသင့်ပြင်ထားတာတဲ့

ဒါကြောင့်မို့ ယောကျာ်းပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ချစ်ကြိုက်ကြတယ် ယူမယ်လို့ ဆုံးဖြတ်ကြရင် တဖက်သားကို ပြောင်းလဲတာထက် သူ့အကျင့်ကို လက်ခံနိုင်မှ ယူတာပိုကောင်းပါတယ် လက်မခံနိုင်ဘူးဆိုလဲ အချိန်တွေ အကုန်မခံပဲ နှလုံးသားနဲ့ နှစ်ပြီး မချစ်မိခင် မြန်မြန် move on လုပ်လိုက်တာ အကောင်းဆုံးပါပဲ ဒါကြောင့်မို့ US မှာဆို "Love the Way You Are" လို့ အရမ်းပြောကြတာ

စာဖတ်သူတွေရော relationship မှာရှိနေတယ်ဆိုရင် တဖက်သားကို ပြောင်းလဲဖို့ ကြိုးစားနေကြလား? အရှိတိုင်းကို လက်ခံနိုင်လား? ပြောပြပေးကြပါဦးနော်

with love ❤️
 #MoefromAmerica

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application