"Mindset of a Champion"



ဒီနေ့ အလုပ်က အပြန် ရေဝင်ကူးရင်း ငယ်စဉ်ကဘဝကို ရုတ်တရက် သတိရသွားမိတယ် ကျွန်မတို့ ညီအမ ၂ ယောက် အသက် ၁၀ နှစ်ဝန်းကျင်က မနက် ၅ နာရီတိုင်း ရေကူးကန်မှာ ရေသွားကူးရတာ အိမ်ဖော်တယောက် အဖော်လုပ်ပြီး လိုက်ပို့ပေးရတယ် ရေကူးပြီးတိုင်း ကြက်ဥဟတ်ဘွိုင် ၂ လုံး မသောက်ချင်လဲ အမုန်းသောက်ရတယ်

ရေကူး ဖြစ်ရတဲ့အကြောင်းက ကျွန်မတို့က မောင်နှမ ဝမ်းကွဲတွေများတယ် အမေက သူ့အမ/ ညီမသားတွေ တခုခုလုပ်ရင် ကျွန်မတို့မောင်နှမတွေကိုလဲ လုပ်စေချင်တယ် အဲလိုနဲ့ ငယ်စဉ်က ကျောင်းစာ အပြင်တက်ခဲ့ရသော Extracurricular activities သင်တန်းပေါင်းများစွာပါ.....

Extracurricular activities  တွေက US ရောက်တော့ တော်တော်အသုံးတည့်ပါတယ် ကိုယ်က တတ်တဲ့ပညာများတော့ နေရာတကာ ဝင်ဆန့်တယ် လူတွေနဲ့ Connected ဖြစ်တယ် သူငယ်ချင်းတွေလဲ အများကြီးရတယ် မနက်တိုင်း ရေကူးရတုန်းကတော့ ကလေးအတွေးပဲရှိတယ် မနက်ဆို မထချင်ဘူး အိပ်ပဲ အိပ်ချင်နေတာ ဒါပေမယ့် အမေက လုံးဝမရဘူး သွားရမယ်နဲ့ ၃ နှစ်ဆက်တိုက် မပျက်မကွက် မနက်တိုင်း ရေကူးခဲ့ဖူးတယ်

နိုင်ငံခြားရောက်တော့ သတိထားမိတာ ကျွန်မမှာ "Mindset of a Champion" စိတ်ဓာတ်မျိုး ရှိတယ် ဘယ်ကိစ္စမဆို သေချာစဉ်းစားပြီး လုပ်မယ်ဆုံးဖြတ်လိုက်ပြီ ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အတွေးပဲထားတော့တယ် "What if" ဆိုတဲ့ second thought 💭 ရှိခဲတယ် 

နောက်ပြီး အားကစားလုပ်သူတွေက a positive attitude ရှိပြီး a high level of self-motivation ရှိကြတယ် ပြိုင်ပွဲတခုဝင်ရင် အာရုံစုစည်းထားပြီး အဆုံးထိ ရောက်ရမယ် "Play to win" နိုင်ကိုနိုင်ရမယ် စိတ်ထားကြတာများတယ်

ဒါကြောင့်မို့ ကျွန်မလဲ နိုင်ငံရပ်ခြားမှာ အခက်အခဲတွေ အများကြီး ရှိပေမယ့် စိတ်ဓာတ်ကို ကြံ့ကြံ့ခိုင်အောင်ထားပြီး အောင်မြင်မှုရမယ့် အချိန်ကို စိတ်မှန်းကြည့်ပြီး လုပ်ဖြစ်တာ...

ငယ်စဉ်ကတည်းက ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုရင် "the mindset of an athlete" အားကစားသမားတယောက်ရဲ့ စိတ်ဓာတ်မျိုး ပြိုင်ပွဲတခုကို အဆုံးထိပြိုင်မယ့် အနိုင်ရအောင်ပြိုင်မယ့်  set high, realistic goals စိတ်မျိုးထားတတ်အောင် သင်ပေးထားမှ လောကကြီးအလယ်မှာ တယောက်တည်းရပ်တည်ရတဲ့အခါ နိုင်ငံရပ်ခြား မိဘနဲ့ အ​ဝေးကိုပို့ရတဲ့အခါ အလုပ်တွေကို ဖြစ်မြောက်အောင် ပြီးဆုံးအောင် လုပ်နိုင်ပြီး အောင်မြင်မှုကို အထွတ်အထိပ် ရနိုင်မှာ ဖြစ်ပါတယ်

With Love ❤️
#MoefromAmerica
#MindsetOfAChampion

Photo Internet

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application