Money & Marriage: US မှာ လူတယောက်နဲ့ Long-Term Date မယ် Marriage လုပ်တော့မယ်ဆိုရင် Financially အရ ဘာတွေကြည့်သင့်လဲ?
US မှာ Marriage လုပ်လိုက်ပြီဆိုတာနဲ့ Joint Debt ဖြစ်သွားပြီမို့ သူ့အကြွေးကလဲ ကိုယ့်အပေါ်ရောက်လာပါပြီ ဒါကြောင့် မယူခင်ကတည်းက ကိုယ်ယူမယ့်သူအကြောင်း သေချာသိဖို့လိုအပ်ပါမယ် မြန်မာပြည်မှာလို မျက်စိ စုံလုံးမှိတ်ပြီး ယူလို့မရပါဘူး
1) ပထမဆုံး အရေးကြီးဆုံးကတော့ Money Mindsets ပိုက်ဆံကိုဘယ်လိုမြင်လဲ? သုံးတတ်လဲ? ဘယ်လို စဉ်းစားတတ်လဲ? ပိုက်ဆံရော စုတတ်လား?
2) Financial Behavior နဲ့ ပတ်သက်ပြီး မိဘကရော spending & saving ကို ဘယ်လိုသင်ထားပေးလဲ? Family Class ကရော Working Class လား? Middle Class ကဆင်းသက်လာတာလား?
3) Credit Score ကရော ဘယ်လောက်ရှိလဲ? Credit History ကရော ဘယ်လိုနေလဲ? အကြွေးတွေအရမ်းများနေလို့ Credit Score မကောင်းရင် အိမ်ပဲဝယ်ဝယ် ကားပဲဝယ်ဝယ် အတိုး Interest Rate တွေ အမြင့်ကြီး ပေးရမှာမို့ မယူခင်ကတည်းက သေချာသိဖို့ အရေးကြီးလှပါတယ်
4) Credit Cards Debt? Student Loans တွေရော ဘယ်လောက်ရှိလဲ? ပုံမှန်ရော ပေးရဲ့လား? တချို့တွေဆို Credit Cards က အတိုးများများပေးရတဲ့ Cash Out ထုတ်ပြီး လောင်းကစား Gambling လုပ်တာ မြန်မာပြည်မှာ မင်္ဂလာဆောင် မိန်းမပြန်ယူတာတွေ လုပ်ကြတာလဲ တွေ့ဖူးပါတယ်
5) DWI (driving while intoxicated or impaired) DUI Record (Driving Under the Influence) အရက်မူးပြီး ကားမောင်းတဲ့ Record ရောရှိဖူးလား? ကားလိုင်စင် Tickets ဘယ်နှခါရဖူးလဲ? နောက်တခါ Ticket 🎫 ရရင် ကားလိုင်စင် ပြုတ်မယ့် လူတောင် တွေ့ဖူးလို့ပြောပြတာပါနော်
6) ဘာဆေးတွေသောက်နေလဲ? Mentally ရော Stable ဖြစ်ရဲ့လား? အလုပ်တခုကို မြဲအောင် Hold နိုင်လား? Mentally Stable မဖြစ်လို့ ၃ လတခါ အလုပ်ပြုတ်တတ်သူတွေလဲရှိပါတယ်
7) Joint Bank Account တွေဖွင့်ဖို့ ယုံကြည်မှုရှိရခြင်းကလဲ Marriage အတွက် အရေးကြီးပါတယ် Personal Information တွေ Share ဖို့ရော ယုံကြည်ရလား?
8. မိသားစုထောက်ဖို့ လိုအပ်သူဆိုရင် လစဉ် ဘယ်လောက်ထောက်ပံ့ပေးနေရလဲ? ကလေးရှိတဲ့သူဆိုရင်လဲ လစဉ် Child Support ဘယ်လောက်ပေးနေရလဲ? ကြိုတင် သိထားမှ နောင်ကျရင် စိတ်မရှုပ်ရမှာပါ
9) မယူခင်ကတည်းက Financially Compatible ဖြစ်လား သိဖို့ လိုအပ်ပြီး လစဉ် အိမ်သုံးစရိတ် Budget တူတူလုပ်ဖို့လိုအပ်ပါတယ် Groceries ကို တလဘယ်လောက်သုံးမလဲ? ဆီဖိုး? Phone Bill? Subscriptions ဘာတွေယူမလဲ Netflix? Amazon?
10) Vacation: တနှစ် တခါ-၂ ခါ ခရီးထွက်မယ်ဆိုလဲ Budget ကို သေချာချထား စုထားဖို့ လိုအပ်ပါတယ်
11) Emergency Fund: ကျန်းမာရေးအတွက် ရုတ်တရက်ဆေးရုံတက်ရတာ အိမ်ပြင် ကားပြင်ဖို့ လိုအပ်တာ တွေအတွက်လဲ လစဉ် ဖယ်ထားပြီး ပိုက်ဆံစုထားဖို့လိုအပ်ပါမယ်
12) Money Management : ပိုက်ဆံကို စီမံခန့်ခွဲကိုင်တွယ်တာ ၂ ယောက်လုံးလား? တယောက်ပဲ တာဝန်ယူလုပ်မှာလား? တယောက်နဲ့ တယောက် အားသာချက် အားနဲချက် strengths and weaknesses တွေကို သိဖို့လိုအပ်ပါတယ်
13) Create A Plan: အကြွေးတွေရှိနေရင်လဲ Debt Repayment ကို ဘယ်လိုလုပ်ကြမလဲ? Retirement ပင်စင်အတွက် 401 K မှာ ထည့်တာတွေ ကလေးကျောင်းအတွက် ပိုက်ဆံစုတာ... ဒီလူတယောက်နဲ့ Marriage လုပ်တော့မယ်ဆိုရင် တယောက်နဲ့ တယောက် ရိုးသားပွင့်လင်းစွာ သေချာဆွေးနွေးပြီး 5 နှစ်-10 နှစ်- 20 နှစ်အတွက် ရေရှည် တဘဝလုံးစာ အတွက် Long-Term Financial Goals တွေ သေချာ ဆွေးနွေးဖို့လိုအပ်ပါမယ်
Marriage လုပ်တယ်ဆိုတာ တယောက်တည်းကောင်းလို့ မရပါဘူး Team Work ပါ တယောက်နဲ့ တယောက် အစကတည်းက သေချာတိုင်ပင် Money နဲ့ပတ်သက်ပြီး သိထား စိတ်ကျေနပ်မှုရှိမှ Healthy Relationship ဖြစ်မှာပါ
Relationship ရှိနေတဲ့သူတွေဆိုရင် ဒီအချက်တွေ ကြုံဖူးကြလား? စစ်ဖူးလား ပြောပြပေးခဲ့ကြပါဦးနော်
ဒီ Post လေးကို ကြိုက်တယ် အထောက်အကူပေးတယ်ဆိုရင်လဲ ❤️❤️❤️ လေးတွေ ပေးခဲ့ကြဦးနော် 😍
ချစ်ခြင်းများစွာဖြင့်
xoxo 😘
Dr.Moe
#MoefromAmerica
⛔မည်သည့်နေရာမှ ကူးယူဖော်ပြခွင့်မပြုပါ လွတ်လပ်စွာ Share နိုင်ပါတယ်
Reference: Moneymanagement.org
Comments
Post a Comment