"Rich People Problem, Poor People Problem"
Kevin Kwan ရေးတဲ့ Rich People Problem ဆိုတာ အာရှတိုက်က လူအများစုမှာရှိတယ်
US မှာ ကျောင်းလာတက်ရင် Rich Kids တွေများတယ် $3000 -6000 တန် apartment ဌားနေပြီး $50,000 တန် ကားသစ်တစီးဝယ်ပေးထားကြတာ တွေ့ဖူးတယ်
တရုတ်ပြည်က အခုနောက်ပိုင်း အရမ်းချမ်းသာကြပြီး ကလေးကလဲ one child policy မို့ တယောက်တည်းရှိလို့ ပိုက်ဆံအရမ်းပေးသုံးကြတယ် အရင်က ကျွန်မ Disney Land ရှိတဲ့ Orange County, California မှာ Conferences တွေရှိလို့ ခဏခဏ သွားတက်ဖူးတယ် အဲမှာ ချမ်းသာတဲ့သူတွေနေတာများတယ် ကျောင်းလာတက်တဲ့ တရုတ်ပြည်က ကလေးတယောက်ဆို $ 4 သိန်းကျော်ကား မိဘကဝယ်ပေးထားတာ တွေ့ဖူးတယ်
ရှိတိုင်းမကြွားပါနဲ့ ကျောင်းတက်ရင် စာကိုပဲ အာရုံစူးစိုက်ပါ Branded တွေ အရမ်းမသုံးပြပါနဲ့ မဝတ်ပြပါနဲ့ အိတ်တွေထည်လဲ မကိုင်ပြပါနဲ့ ဒီမှာ အဲဒါဝတ်ပြ ကိုင်ပြလဲ US မှာ အထင်ကြီးတဲ့သူထက် အမြင်ကတ်သူပိုများပါတယ် ကျောင်းကသူငယ်ချင်းတွေ ဆရာမတွေ အမြင်ကတ်တာ ခံရတတ်တယ် အာရှမှာ Rich People Problem ရှိသလို US မှာလဲ Poor People Problem ရှိတယ်
အာရှမှာ Generation Wealth ရှိသလို US မှာလဲ Generation Debt ရှိကြတယ် အထူးသဖြင့် African-Americans တွေဆိုရင်ပေါ့ တချို့တွေကျတော့ အလုပ်မရနိုင်တဲ့ လခမကောင်းတဲ့ ဘွဲ့တွေကို တက်ပြီး Student Loan တွေပိနေတာ တချို့တွေကျတော့ Money Management မကောင်းကြတာ လောင်းကစားလုပ်လို့... မူးယစ်ဆေးချလို့ ...အစရှိသဖြင့် သားသမီးမွေးရင် သားသမီးတွေကပါ အကြွေးဒဏ်ခံရပြီး Generation Debt ဖြစ်ကုန်ကြတာပါ
US မှာ မွေးတဲ့သူတော်တော်များများက Branded ကြီးတွေ တံဆိပ်ပြူးပြဲတာ ဝတ်ရတာ မကြိုက်ကြဘူး Facebook Founder Mark Zuckerberg ကိုပဲကြည့် တံဆိပ်မပါ သာမန် ရိုးရိုး T-Shirt လေးပဲ နေ့တိုင်းဝတ်တာ
သူတို့က တံဆိပ်ပြူးပြဲတာ ဝတ်ရင် အဲတံဆိပ်ကို ကြော်ငြာပေးတယ် ကြွားတယ်လို့ ထင်ကြတယ် Simple ဖြစ်တာပဲ ကြိုက်ကြတယ်
မိဘပိုက်ဆံနဲ့ Branded အိတ်တွေ ဖိနပ်တွေ အင်္ကျီတွေထည်လဲ ဝတ်နိုင်သုံးနိုင်တာထက် မိမိကိုယ်ကို လူတော်ဖြစ်အောင်ကြိုးစားပြီး Self-Brand ဖြစ်အောင်ကြိုးစားပါ
မိမိ မိဘက ဘယ်သူဘယ်ဝါပြောပြီး မိတ်ဆက်ရတာထက် မိမိက ဘယ်သူလဲပြောပြီး လက်ဆွဲနှုတ်ဆက်နိုင်အောင်ကြိုးစားပါ
မိမိကိုယ်ကို Self-Brand ဖြစ်အောင်ကြိုးစားမယ့်သူတွေဆိုရင် 👍👍👍 လက်မလေးထောင်ခဲ့ပေးပါဦးနော်
With Love ❤️
#MoefromAmerica
#Self-Brand
#RichPeopleProblem
Comments
Post a Comment