Save Money on Energy & Electricity Bill
အခု ရာသီဥတု ပူလာပြီမို့ အိမ်တွေမှာ Air-Con တွေ ဖွင့်လာကြပါပြီ Air-Con က မဖွင့်တတ်ရင်လဲ မီတာခတွေအရမ်းဆောင်ရတတ်ပါတယ်
▪️Air-Conနွေရာသီမှာ Air-Con ဖွင့်ရင် ခဏခဏဖွင့်လိုက် ပိတ်လိုက်လုပ်တာထက် Thermostat ကို အသုံးပြုပါ Target 🎯 တခုထားထားပါ ကျွန်မတို့ အိမ်မှာဆိုရင် 73'F ထားတယ် အလုပ်သွားတယ် တချို့တွေလဲ အိမ်မှာ လူမရှိဘူး ဆိုရင် 78-82'F ထိထားကြပါတယ်
လေ့လာတွေ့ရှိချက်တွေအရ 7-10'F ပိုနိမ့်ထားရင် မီတာခ 10-30% ပိုကုန်ပါလိမ့်မယ်
▪️Install Ceiling Fansအခန်းထဲမှာ မအေးလို့ Air-Con ကို အဆုံးထိတင်တာထက် ပန်ကာဖွင့်ပါ
▪️Dishwasherပန်းကန်ဆေးရင် လက်နဲ့ဆေးတာထက် ပန်းကန်ဆေးစက် Dishwasher နဲ့ဆေးတာက ရေအကုန်အကျ ပိုသက်သာပါတယ်ကျွန်မဆို ဒယ်အိုးတို့ မဖြစ်မနေဆေးရတာက လွဲလို့ ကျန်တာတွေ Dishwasher နဲ့ပဲ အသုံးပြုဖြစ်ပါတယ်
▪️Change your Lightbulbsနေရာတခု အသစ်ပြောင်းရင် မီးသီး 💡 တွေ အရင်လိုက်ကြည့်ပါ Energy Saving ဖြစ်တဲ့ LED lights တွေပြောင်းပါ LED lights တွေက Energy အသုံးပြုတာ သက်သာတဲ့ အပြင် ကြာကြာလဲခံပါတယ်
▪️Turn off the light 💡မီးတွေကို မလိုအပ်ရင် ပိတ်တဲ့ အကျင့်လုပ်ထားပါ
▪️Replace Air-Filter Air-Filter တွေကို ၃ လတခါ ပုံမှန်လဲပေးပါHAVC system တွေကို ရေရှည်ခံစေပြီး ပိုက်ဆံအများကြီး အကုန်အကျသက်သာစေမှာဖြစ်ပါတယ်
▪️အိမ်မှာတံခါးတွေကို အမြဲပိတ်ထားပြီး လေယိုပေါက်တွေရှိမရှိ စစ်ဆေးပေးပါ
အထက်ပါ အချက်လေးတွေက နွေရာသီမှာ မီတာခ အကုန်အကျနဲအောင် ပိုက်ဆံ Save နည်းပဲဖြစ်ပါတယ် ဘယ်နည်းတွေ အသုံးပြုဖြစ်နေလဲ ပြောပြပေးကြပါဦးနော် 😍
ပိုက်ဆံဘယ်လို ခြွေတာရမလဲ ပြောထားတဲ့ Videos လေးတွေလဲကြည့်လို့ရပါတယ်👉https://youtu.be/WSLdFLmZ7Ig👉https://youtu.be/Ec_vOoXB6ds👉https://youtu.be/Y1CWGYmI4_o=========================💌 shorturl.at/etKY9
(နောက်ပိုင်း video တွေကို YouTube မှာပဲ တင်ပေးမှာမို့ အပေါ်က link အတိုင်း မိုး ရဲ့ YouTube channel ကို subscribe လုပ်ပေးပါဦးနော်။ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏)
With Love ❤️#MoefromAmerica
Photo Courtesy : Internet
Comments
Post a Comment