The Power of Encouragement


သူတပါးကို အားပေးစကားမပြောတတ်ရင်တောင် စိတ်ဓာတ်ကျမယ့် စကားမျိုးမပြောပါကြနဲ့နော် အခုလို ကာလဆို ပိုသတိထားသင့်ပါတယ်နော် 

​ကျွန်မတို့ မြန်မာပြည်မှာက လူတယောက်ကို တွေ့ရင် စနှုတ်ဆက်တာ များသောအားဖြင့် Negative နဲ့စကြတယ် "ဟယ် ဝလာလိုက်တာ အသားမဲသွားတယ်နော် ဆံပင်တွေဖြူနေပြီ" ဒါတွေက အာရှတိုက်သားတွေရဲ့ ခင်မင်ရင်းနှိီးမှုပုံစံ....

ကြိုးစားနေသူဆိုလဲ "လုပ်မနေနဲ့ ဖြစ်မှာ မဟုတ်ဘူး" ဆိုပြီးပြောတတ်ကြတယ်

အနောက်နိုင်ငံက လူတွေကျတော့ Positive thinking သမားတွေများတယ် အားပေးတတ်ကြ Encouragement အရမ်းပေးတတ်ကြတယ်

တယောက်နဲ့ တယောက်တွေ့ပြီး နှုတ်ဆက်ရင် ကောင်းတာလေးတွေကြည့်ပြီး ချီးကျူးတတ်ကြတယ် "ဟယ် နင့်နှုတ်ခမ်းနီအရောင်လေးကလှလိုက်တာ ဒီအင်္ကျီလေးနဲ့ အရမ်းလိုက်တာပဲ ဒီနေ့ ဆံပင်ပုံစံလုပ်ထားတာကြိုက်လိုက်တာ" 

ကျွန်မ အမေရိကား ရောက်ကာစက စိတ်ညစ် 
ပြီး အားငယ်တတ်တယ် ဘာလုပ်ရမလဲဆိုတာ လမ်းစတွေပျောက်ခဲ့ဖူးပေမဲ့ စိတ်ဓာတ် ခွန်အားပေး လမ်းပြပေးသူ  Mentors ၂ ယောက် ကြောင့် အားတက်ပြီး ကြိုးစားဖြစ်ခဲ့တာ...

မိဘတွေရဲ့ အဝေးမှာနေလာတာ အသက် ၁၈ နှစ်ကတည်းကပဲ ကိုယ့်ဘာသာ အမြဲ Positive Thinking ပဲထားတယ် စိတ်ချမ်းသာအောင် ပျော်ပျော်ပဲနေတယ် သူငယ်ချင်းတွေ အတန်းဖော်တွေဆိုလဲ စိတ်ညစ်နေသူ စိတ်ဓာတ်ကျနေသူတွေကို စိတ်ဓာတ်မကျအောင် Encourage လိုက်လုပ်ပေးရတယ် အတန်းထဲမှာဆို စိတ်ညစ်ရင် မိုး နဲ့ စကားသွားပြောလို့ ပြောရတဲ့ အထိ ဖြစ်လာတာ....


အောင်မြင်ချင်ရင် အားပေးစကားပြောတတ်သူ Encouragement လုပ်ပေးတတ်သူတွေနားနေပါ စိတ်ဓာတ်ခွန်အားပေးတတ်သူတွေနဲ့ ပေါင်းပါ ကိုယ့်ကို စိတ်ဓာတ်ကျအောင် Discourage ပြောတတ်သူတွေ စကားကို နားမထောင်ပါနဲ့ မကြားမိအောင် နားပိတ်ထားပါ 

မိမိကိုယ်တိုင်လဲ သူတဖက်သားကို အတတ်နိုင်ဆုံး အားပေးစကား Encouragement လုပ်ပေးတတ်သူဖြစ်အောင် ကြိုးစားပါ မိမိကစပြီးပြောင်းလဲပါ 

​Encouragement လုပ်တတ်ဖို့ ဒီနေ့ကစပြီး ပြောင်းလဲ ကြိုးစားမယ်ဆိုရင် မန့်မှာ 💪💪💪 လေးရေးပေးခဲ့ပါဦးနော် 

#MoefromAmerica
#Encouragement
#Positivethinking
#Motivation

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application