US မှာ ကလေးရှိလို့ ကလေးကို Childcare မှာထားပြီး အလုပ်လုပ်လို့ရမလား ?



ကလေးရှိမိဘတွေက အဲမေးခွန်း ခဏခဏမေးကြတယ် 

ကျွန်မကတော့ လူအပေါ်ပဲ မူတည်တယ်လို့ထင်ပါတယ်


ကျွန်မ ကျောင်းတက်တုန်းက classmates တွေဆို 4 year program မှာ နှစ်အတွင်း ကလေး ယောက် မွေးသွားတဲ့သူ ယောက်လောက်ရှိတယ် သူတို့က ကလေးကို မနက်ဆို Childcare မှာ ထားခဲ့ပြီး ညနေ ကျောင်းအပြန်မှ ဝင်ခေါ်ကြတယ် 


Q: Childcare မှာထားရင် တလ ဘယ်လောက်ပေးရလဲ?

A: Childcare မှာထားတာ တလ $1000 ဝန်းကျင်ကုန်တယ် 


Q: Childcare မှာ ဘယ်အရွယ်က စထားလို့ရလဲ?

A: ကလေး အသက် ပတ်ကနေစပြီး မူကြိုမတက်ခင်ထိထားလို့ရပါတယ်


Q: Childcare တွေကို ယုံကြည်လို့ရပါ့မလား?

A: Childcare တွေက မိမိနေတဲ့ State ရဲ့ သတ်မှတ်ထားတဲ့ Standard နဲ့ ကိုက်ညီရမယ် Certifiedဖြစ်ရမယ် တချို့တွေလဲ ဂေဟာပုံစံ center  ဖွင့်ကြသလို တချို့တွေလဲ အိမ်မှာပဲ home-based care ဖွင့်ကြတယ်


-အရေးကြီးဆုံးက Safety ကိုကြည့်ကြတယ် 

outdoor playground safety တွေလဲ အရေးကြီးတယ်

-ကလေးနဲ့ ထိတွေ့ဆက်ဆံမယ့်သူက ကာကွယ်ဆေး immunizations ထိုးထားလား?

-ဆရာမနဲ့ ကလေး ratio ဘယ်လောက်ရှိလဲ?

Background Check ကြည့်ကြတယ် child abuse reporting and clearances တွေကြည့်ရမယ်

-emergency contact/plan တွေကရော ဘာရှိလဲ

-staff training ရော ဘယ်လိုပေးထားပြီး ကြည့်ရှုတာ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လိုရှိမလဲ? အဲဒါတွေ မိဘတွေက သိချင်ကြတယ်


Q: ဘယ်သူတွေ Childcare မှာထားသင့်လဲ?


A: မိမိရတဲ့ လခက Childcare မှာထားလို့ပေးရတဲ့ တလ $1000 ထက်မက ပိုဝင်တယ် ဆိုရင်တော့ ထားသင့်ပါတယ် မဟုတ်ရင် ကိုယ့်ဘာသာကြည့်မယ်ဆိုရင် မိဘ ယောက် မနက်ည အလုပ် shift မတူအောင်သွားပြီး တယောက်တလှည့်ကြည့် မှရမယ် 


မိမိရဲ့ အိမ်ထောင်စုဝင်ငွေနဲရင်လဲ အစိုးရဆီကနေ ထောက်ပံ့ကြေးငွေ The Child Care Subsidy Program ကို https://childcare.gov မှာ ကလေး အသက် ၁၃ နှစ်ထိ လျှောက်ထားနိုင်ပါတယ်

တချို့တွေကျ Childcare ဖိုးလဲ မတတ်နိုင် အလုပ်လုပ်မှ အိမ်လခပေးဖို့ရှိမယ်ဆိုရင် အဘိုးအဘွားတွေကို ကြည့်ခိုင်းကြတယ် 

အဘိုးအဘွားတွေလက်ကနေ ကြီးပြင်းလာတဲ့ ကလေးတွေ အမေရိကားမှာ အများကြီးပဲရှိပါတယ်


ကလေးရှိပေမယ့် သေချာစီစဉ်တတ်ရင် မိမိလုပ်ချင်တာတွေလဲပြီးမြောက်အောင်လုပ်လို့ရနိုင်ပါတယ်


With Love ❤️

#MoefromAmerica


Reference: childcare.gov


Comments

Popular posts from this blog

Introduction

Graduate Record Exam (GRE)

"၁၀ တန်း မအောင်ရင် GED ဖြေပါ"