US မှာ Immigrant တွေဖြတ်သန်းရမယ့် ဘဝအဆင့်ဆင့်
US မှာနေသူတိုင်း ဒီအဆင့်တွေကျော်ဖြတ်ကြရတယ် US မှာနေရင်အတွက်အချက်တော်ရမယ်
- Place to Stay
ပထမဆုံးရောက်ရင် စိတ်ပူရတာ ဘယ်မှာနေရမလဲ? အမျိုးတွေ သူငယ်ချင်းအိမ်မှာလဲ အကြာကြီးနေမရဘူး ခဏပဲ အဆင်ပြေတယ် အားလုံးက သူ့ဟာနဲ့သူ နေစရာ ကွက်တိပဲမို့ သူတို့နဲ့ ရေရှည်နေဖို့ အားနာရပါတယ်
- Work
ပိုက်ဆံ ဘယ်လောက်ပဲ ယူလာလာ US မှာ စရိတ်ကြီးတယ် ခဏဆိုကုန်ပြီ ဗိုက်ဖြည့်ဖို့ Essentials တွေဝယ်ဖို့ခြမ်းဖို့ အလုပ်လိုလာပြီ အလုပ်ရှာပါ cash job လား tax ပေးမယ့် အလုပ်လား? မြန်မာတွေဆီမှာ Sushi လုပ်မှာလား?
- ကား
အလုပ်ရတော့ New York တို့လို Subway ရှိတဲ့ မြို့တွေကလွဲရင် ကျန်တဲ့နေရာတွေက ကားရှိမှ အဆင်ပြေမယ် ကားမောင်းလိုင်စင်လိုလာပြီ Driving License ရေးဖြေ လက်တွေ့မောင်းပြတာဖြေရပါမယ် ပထမ စစချင်းတော့ Used ကားလေးကို Craigslist , Facebook Market Place, ကိုယ်နေတဲ့ မြို့က Facebook group, Car Dealership တွေမှာ ရှာနိုင်ပါတယ်
ကားဈေးကြီးမကြီး ခန့်မှန်း ကားဈေးတွေ check ချင်ရင် Kelley Blue Book (kbb.com) မှာ ကားနာမည် & Model No. နဲ့ရှာကြည့်လို့ရပါတယ်
- ကျောင်း
အလုပ်လဲ လုပ်ရော စကားပြောတတ်ဖို့လိုလာပြီ မြန်မာပြည်ကလူတွေဆို British English မှာကြီးပြင်းလာတော့ American English ကို နားယဉ်အောင် နားလည်အောင် ကိုယ်ပြောတာ တဖက်လူနားလည်အောင် အချိန်တခုတော့ပေးရမယ် အခြေခံကောင်းသူတွေက မြန်ပါတယ်
- ESL or College
ကျောင်းတက်ရင် ESL (English as Second Language) တက်မှာလား? 2 year Associate Degree တက်မှာလား? 4 year Bachelor Degree တက်မှာလား ဘယ်ဘာသာရပ်တက်မလဲ? စဉ်းစားရပြန်ရော....
Research သေချာလုပ်ပြီး ဝါသနာပါ စိတ်ဝင်စားတာ ရွေးတက်ပါ
- Saving
ကျောင်းပြီး ဘွဲ့ရ အလုပ်ဝင်ရင် saving တွေစလုပ်ရပြီ 401 K, Roth IRA အစရှိသဖြင့် အစုံပဲ Stock လေးလဲကြည့် ဘယ်ဟာတက်မလဲ ခန့်မှန်းပြီး Day Trade လား Long Term Investment လား? လုပ်ထားပါ
Stock အတက်အကျက နိုင်ငံရေးနဲ့လဲ ဆိုင်ပါတယ် နိုင်ငံရေး အပြောင်းအလဲတွေလဲ နားလည်ဖို့လိုပါမယ်
- Buying A Home
Apartment တို့ Condo တို့ Townhouse တို့ ဌားနေရတာ ထက် ကိုယ်ပိုင် လွတ်လပ်စွာနေထိုင်ဖို့ အိမ်လေးတလုံးလောက်လိုလာပြီ အိမ်တွေရှာရပြီ Credit Score လဲကောင်းပြီး အခွန်ဆောင်ထားမှ ဘဏ်အတိုးနှုန်းသက်သာမယ် Down Payment 3-20% ပေးဖို့ လဲ စုထားဖို့လိုမယ်
US က Military စစ်တပ်မှာလုပ်ဖူးသူတွေဆို 0% down payment ဘာမှ ပေးစရာမလိုပဲ interest rate သက်သက်သာသာနဲ့ အိမ်တလုံးပိုင်ဆိုင်နိုင်ပါတယ်
- Retirement
ကိုယ်တွက်ချက်တာတော် Save လုပ်တာတော်ရင် တော်သလို အသက်ကြီးရင် မီလျှံချီ Saving ရနိုင်သလို မတော်ရင်လဲ ချိုးခြံချွေတာပြီး ကျန်တဲ့ သက်တမ်းကို နေထိုင်ဖြတ်သန်းသွားရမှာပေါ့
ဒါကြောင့် US မြေစနင်းပြီဆိုတာနဲ့ အတွက်အချက်တော်သူတွေ Plan ကောင်းကောင်းချတတ်သူတွေက အောင်မြင်တာမြန်ကြတယ် အရမ်းတော်သူတွေက Multi-Millionaire တွေဖြစ်ကြတယ် Fortune 500 Companies တွေ ပိုင်ဆိုင်ကြတယ်
စာဖတ်သူတွေရော ဘယ်ထဲပါမလဲ? ဘယ်အဆင့်ရောက်နေပြီလဲ?
တွက်ချက်တာတော်သူလို့ယူဆလား?
ချစ်ခြင်းများစွာဖြင့်
xoxo 😘
Dr.Moe
#MoefromAmerica
လွတ်လပ်စွာ Share နိုင်ပါတယ်
⛔ကိုယ်တိုင် အတွေ့အကြုံတွေကနေ အချိန်ယူရေးပေးထားတာမို့ အလွယ်တကူ မကူးချဖို့ မေတ္တာရပ်ခံအပ်ပါတယ်
Comments
Post a Comment