US မှာ Used Car ဘယ်လိုဝယ်ရမလဲ?



မိန်းကလေး တယောက်အနေနဲ့ပြောရရင် ကားအကြောင်း သိပ်နားမလည်တဲ့ အတွက် Used car လဲ Car dealership မှာပဲ ဝယ်ပါတယ်

ပိုက်ဆံနဲနဲ ပိုပေးရပေမဲ့ တခုခုဖြစ်ရင် ပြန်သွားပြောလို့ရတယ် အာမခံချက် ရှိပါတယ် 

ကားဝယ်မယ်ဆို Insurance ပါ ကြိုတင်စုံစမ်းထားဖို့လိုပါမယ်


ကားဝယ်မယ်ဆို သိရမယ့် အချက်လေးတွေ Video မှာပြောပြပေးထားပါတယ်

youtube မှာကြည့်မယ်ဆိုရင် 

👉How to buy a used car?

https://youtu.be/Zz4jjqIZ8TY


ဒီအချက်လေးတွေ သိသင့်ပါတယ်


  1. ပထမဆုံး ကိုယ်ဘယ်လောက်တတ်နိုင်လဲ အရင် စဉ်းစားရပါမယ် $4000 လား? $10,000 လား?
  2. ကိုယ်တတ်နိုင်တဲ့ Amount ပေါ်မူတည်ပြီး ရနိုင်တဲ့ ကားအမျိုးအစားကို ရွေးပါ 
  3. ကားဈေးတွေ စုံစမ်းပါ

 ကားသစ်ရောင်းတဲ့  Dealerships ဘေးမှာ used car တွေလဲရောင်းပါတယ် ကိုယ်တိုင်သွားကြည့်မောင်းလို့ရပါတယ် 

independent used car lots

CarMax တို့လို used car retailers တွေ

Carvana

vroom

Craigslist တွေမှာ ဈေးလိုက်ကြည့်ပါ

Facebook Market Place

ကိုယ်နေတဲ့ မြို့က Facebook group

ကားဈေးကြီးမကြီး ခန့်မှန်း ကားဈေးတွေ check ချင်ရင် Kelley Blue Book (kbb.com) မှာ ကားနာမည် & Model No. နဲ့ရှာကြည့်လို့ရပါတယ် 4.မိမိပတ်ဝန်းကျင်မှာရှိတဲ့ used cars

  1. တွေကို ရှာမယ်ဆိုရင်  Edmunds used car inventory page https://www.edmunds.com/used-cars-for-sale/  မှာ အချက်အလက်တွေကြည့်လို့ရပါတယ် ကားက Miles ဘယ်လောက်သွားပြီးထားလဲ? Price & Features တွေ ရောင်းတဲ့သူက ကိုယ်နေတဲ့နေရာနဲ့ ဘယ်လောက်ဝေးလဲ ရှာကြည့်ပြီးသွားပါ 5.Vehicle History Report ကို
  2. စစ်ပါ ကားက တိုက်မိထားလား ဘယ်လောက်ဆိုးရွားစွာထိထားဖူးလဲ သိအောင် Vehicle History Report ကို စစ်ကြည့်မှ သိနိုင်မှာပါ car's vehicle identification number (VIN) ကို သုံးပြီး AutoCheck and Carfax (ယာဉ်အသုံးပြုထားမှုရာဇဝင်မှတ်တမ်းတင်ထားတဲ့ ထောက်ခံစာ) တောင်းဖတ်ပြီး vehicle history reports သေချာစစ်ဆေးပါ  မိုင်ရေနည်းပြီး Certified ဖြစ်တဲ့ ယာဉ်ဟောင်းကိုသာ ဝယ်ပါ။ နှစ်ရှည်လှည့်ကြည့်နေစရာမလိုပဲ စိတ်ချလက်ချမောင်းသုံးနေလို့ရတယ်။ 

Rental Car ဖြစ်တဲ့ အငှားယာဉ်အနေနဲ့သုံးထားပြီးတဲ့ ယာဉ်တွေကို ရှောင်ဝယ်ပါ။

နှင်းကျတဲ့ဒေသက ယာဉ်ဟောင်းတွေကို ရှောင်ဝယ်ပါ။6. Contact the seller ကိုယ်ကြိုက်တဲ့ကားတွေ့ပြီဆိုရင်

  1. ပိုင်ရှင်ကို ဆက်သွယ်ပါ Delarship ကကားဆို ဖုန်းဆက်ပါ ကိုယ်မေးချင်တဲ့ မေးခွန်းတွေ မေးပြီး ကားကို Test Drive လုပ်ဖို့ ချိန်းပါ ဖြစ်နိုင်ရင် သေချာကြည့်လို့ရတဲ့ နေ့အချိန်ရွေးပါ7. Test-Drive the car ကားစမ်းမောင်းကြည့်ခြင်းဖြင့်
  2. ဒီကားနဲ့ မိမိနဲ့ အဆင်ပြေမပြေ သိဖို့ အကောင်းဆုံး အခွင့်အရေးပါပဲ 8. Car Inspection ကားကိုကြိုက်တယ်
  3. ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် မဝယ်ခင် Mechanic တယောက်ဌားပြီး စစ်ဆေးပါ Mechanic အသိမရှိရင် Google & Yelp မှာ Reviews တွေဖတ်ပြီး Local Mechanic ကိုရှာနိုင်ပါတယ် ကိုယ်ရှာမတွေ့တဲ့ပြသနာတွေ Mechanic ကရှာနိုင်မှာမို့ Smart Investment ပါ9. Negotiate a good deal ဈေးဆစ်ပါ
  4. Edmunds တို့ Kelly Blue Book တို့မှာကြည့်ပြီးပြီ ကားဈေးက Market Price ထက်နဲနဲမြင့်နေလို့ လျှော့ပါဦးလို့ပြောလို့ရပါတယ်  💵Cash ငွေသားနဲ့ပေးဝယ်လို့ရသလို၊ Credit Card နဲ့လည်းဝယ်လို့ရပြီး၊ နောက် Credit Scores ပေါ်မူတည်ပြီး သက်ဆိုင်ရာဘဏ်တခုခုကနေ အကြွေးယူလို့ရပါတယ်10.Paperwork နောက်ဆုံးအဆင့်က
  5. စာရွက်စာတမ်း စာချုပ်တွေ ဆိုင်းထိုးရတာပါ warranty, anti-theft devices, prepaid service plans or fabric protection တွေ မယူချင်လဲရပါတယ် 

ပိုင်ရှင်ဆီက တိုက်ရိုက်ဝယ်ရင်တော့ title and registration တွေ သေချာ Transfers ဖို့လိုပါတယ် title ဆိုတာ pink slip လေးပါ ရောင်းသူ ဆိုင်းထိုးပြီး သေချာပေးဖို့လိုပါတယ်  မိမိနေတဲ့နေရာက department of motor vehicles မှာ အရင်က မပေးထားတဲ့ အကြွေးတွေရှိမရှိ စစ်ဆေးပါ

Dealer ဆီကပဲ ဝယ်ဝယ် ပိုင်ရှင် တိုက်ရိုက်ပဲ ဝယ်ဝယ် ကားကို မိမိအိမ်ကို မမောင်းသွားခင်မှာ insurance ရှိမှ မောင်းပါနော်


#MoefromAmerica ❤️

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application