US မှာ ကျောင်းတက်ရင် အခန်းဘယ်လိုရှာရမလဲ?
မြန်မာပြည်ကနေ US မှာကျောင်းလာတက်ရင် နေရာတွေက မသိတာမို့ အခန်းရှာရတာ ဘယ်က ဘယ်လိုစရမလဲ မသိဖြစ်တတ်ပါတယ်
ကိုယ်မသိတဲ့နေရာတခုသွားမယ်ဆိုရင် online ကရှာပါ
craigslist ကတော့ ရှာတဲ့သူများတယ်
Share အခန်းရှာမယ်ဆိုရင် မိမိနေမယ့်နေရာက Zipcode ထည့်ပြီး ဒီ website တွေကလဲရှာကြည့်လို့ရပါတယ်
▪️https://www.spareroom.com/roommates
▪️www.roomies.com/rooms/
ကျောင်း Campus မှာ ကပ်ထားတဲ့ Roommate ရှာနေတယ် Flyers တွေလဲကြည့်ပါ
ကျောင်းက Advisors/ Admission မှာလဲ ဘယ်နေရာတွေနေရင်ကောင်းလဲ Safe ဖြစ်လဲမေးကြည့်ပါ
NYC တို့ SF တို့လို မြို့ကြီးတွေမှာဆို မြန်မာအိမ်တွေမှာလဲ အခန်းတခန်းဌားနေလို့ရပါတယ်
ဒီပုံက ကျွန်မနဲ့ ၃ နှစ်တူတူနေဖူးတဲ့ American Born Italian မလေးပါ
ကျွန်မက 4 years program Doctor of Pharmacy School တက်တယ်
သူက 3 years program Doctor of Physical Therapy တက်တယ်
အဲတုန်းကတော့ ကျွန်မက ကျောင်းရှေ့က 2 bedrooms 2 baths ပါတာ ဌားထားပြီး craigslist မှာ post တင်ပြီး Roommate ရှာခဲ့တာပါ သူက လာစကားပြောတယ် ၂ ယောက်သား မတွေ့ဖူးပဲ email အပြန်အလှန်ပို့ ကြောက်ကြောက် နဲ့ Roommate အဖြစ်လက်ခံလိုက်ရတာ နေတာက ဝေးတော့ အပြင်မှာတွေ့ဖို့ကလဲ မဖြစ်နိုင် အိမ်ပြောင်းတဲ့နေ့မှပဲ တွေ့ဖူးတာ
တွေ့မှ တော်သေးပါရဲ့ဆိုပြီး သက်ပြင်းချနိုင်တာ.....
Roommate တွေထဲ စိတ်ထားအပြည့်ဝဆုံး ဆက်ဆံရအဆင်ပြေဆုံးပဲ
Tips for living with roommates
Roommate ရှာရင် အစကတည်းက communicate သေချာလုပ်ထားပါ
1. ယောကျာ်းလေး ဧည့်သည် ညအိပ်ညနေပေးမလုပ်ဘူး တို့ ဘာတို့....
2. သန့်ရှင်းရေးကို တပတ်တခါ တယောက်တလှည့်လုပ်ကြမယ်
3. Bills တွေကို တယောက်တည်း နာမည်နဲ့ မထားပါနဲ့ တယောက် တမျိုးစီတာဝန်ယူပါ Rent, Internet, Electric Bills တွေဆို due date မတိုင်ခင် တပတ်ကြိုတောင်းထားပါ တချို့တွေဆို အရမ်းတောင်းရခက်ပါတယ်
4. တယောက်နဲ့ တယောက် ကျောင်းတက်ချိန် အလုပ်လုပ်ချိန် မတူနိုင်တာမို့ အချိန်ဇယားတွေပြောပြပြီး ကိုယ်က ဘယ်အချိန်မှာ အိပ်ရမှာ ဧည့်သည် လာရင်လဲ ဘယ်အချိန် နောက်ဆုံးထားပြီး ပြန်စေချင်တာတွေ ပြောပြထားပါ
5. Roommate နဲ့ ကိုယ်နဲ့က Culture မတူနိုင်တာမို့ open-minded တော့ရှိရပါမယ်
ကျောင်းတက်နေရင် ကျောင်းသားအချင်းချင်းနေတာပိုကောင်းပါတယ် နားလည်မှုပိုရှိတယ်
ဖြစ်နိုင်ရင် ကိုယ့်အခန်းနဲ့ကိုယ်နေပါ တခန်းထဲ Share နေရတာ အိပ်ချိန်မတူရင် အနှောင့်အယှက်ဖြစ်ပါတယ်
ကျွန်မကတော့ တယောက်တည်းနေရတာထက်စာရင် Roommate နဲ့နေရတာပိုသဘောကျပါတယ် တယောက်နဲ့ တယောက် မသိတာသင်ယူလို့ရတယ် အတွေ့အကြုံသစ်ကိုရစေတယ်
Roommate ဆိုးတဲ့သူနဲ့ မတွေ့အောင်တော့ အတတ်နိုင်ဆုံး သတိထားရွေးခြယ်ရမှာပေါ့နော်
တခြား အတွေ့အကြုံလေးတွေရှိရင်လဲ comment မှာပြောပြပေးကြပါဦးနော် 😇
youtube video မှာလဲ ပြောပြထားဖူးပါတယ်
👉https://youtu.be/Y1CWGYmI4_o
Hope this helps
With Love ❤️
#MoefromAmerica
👉http://moefromamerica.blogspot.com/2022/04/us_10.html
Comments
Post a Comment