US မှာ ကျောင်းကြီးတက်မှလား?
US မှာ ကျောင်းတက် အလုပ်လုပ်ကြမယ်ဆိုလို့ စာလုပ်မှ ပိုက်ဆံရမယ်မဟုတ်ပါဘူး စာတွေဖတ်ရတာ ဝါသနာမပါရင်လဲ ကိုယ်ပိုင် small business လေးတွေလုပ်လို့ရပါတယ်
လက်မှုပညာလေးတွေလုပ်တတ်ရင်လဲ ပိုက်ဆံအများကြီးရပါတယ်နော်
Nail Spa တွေဆို US မှာ အရမ်းသွားကြတာ
Manicure ဆို $20 နဲ့ အထက်
Pedisure ဆို $35 နဲ့အထက်ပေးရတာ
မြန်မာတွေက Sushi လုပ်ကြသလို Vietnam တွေက လက်သည်းလုပ်တဲ့လောကကို ကြီးစိုးထားတယ်
အခုလို Tax Season ဆိုလူတွေ ငွေရွှင်ကြလို့ လက်သည်းအရမ်းလာလုပ်ကြတာ တရက်ကို $500 ဝင်တာဆိုတာ အသာလေးပဲလို့ ကျွန်မ classmate Vietnam မ ပြောပြတယ် သူ့အမေ နဲ့ညီမတွေက Nail Spa လုပ်ကြတာ Average Profit က တနှစ်ကို $40,000 လောက်ရကြတယ်
တချို့တွေကျတော့လဲ Business ပြန်ရောင်းစားသူတွေလဲရှိတယ် သူငယ်ချင်း ဦးလေးဆို Nail Spa တခု တည်ထောင်လိုက်တယ် 2-3 နှစ်ပျိုးထောင်အောင်မြင်ရင်ပြန်ရောင်းစားတယ် နောက်တမြို့ သို့ State ပြောင်းပြီး ထပ်လုပ်တယ် အဲလိုနဲ့ မီလျှံချီချမ်းသာနေပြီ
ကိုယ်ဝါသနာပါတဲ့ အလုပ်နဲ့ ကိုယ်လုပ်နေတာ ထပ်တူကျရင် ပိုအောင်မြင်ပါတယ်
US မှာ လုပ်ကြတဲ့ Small Business Ideas လေးတွေအကြောင်း ဖြေးဖြေးရေးပေးပါမယ်နော် မိုးက ကျောင်းတက်တာလဲကြာ Extrovert လဲဖြစ်တော့ အပေါင်းအသင်းတွေလဲများ ကိုယ်တိုင်ကလည်း အမြဲ စူးစမ်းလေ့လာဖြစ်နေတာမို့ သိထားတာလေးတွေ knowledge sharing လုပ်ပေးသွားပါမယ်နော်
အခုရေးပေးတာလေးတွေ အဆင်ပြေတယ်ဆိုရင် မန့်မှာ ❤️ လေးပေးခဲ့နော်
ဘယ်သူတွေဖတ်ကြလဲ သိရအောင်လို့ပါ
ချစ်ခြင်းများစွာဖြင့်
xoxo 😘
မမမိုး
#MoefromAmerica
April 3rd, 2022
Comments
Post a Comment