10 Tips to write a Professional Email
Email ဆိုတာ နေရာတကာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတဲ့ မြန်ဆန်ထိရောက်တဲ့ဆက်သွယ်ရေး တခုပါ ကျောင်းတွေ ရုံးတွေ ဆရာ/ဆရာမတွေဆီစာရေးမယ်ဆိုရင် သူငယ်ချင်းတွေဆီရေးသလို ရေးလို့မရပါဘူး Professional ဆန်ဆန်ရေးမှရပါမယ်
1. Subject Line မှာ Short and Sweet တိုတိုနဲ့ ထိရောက်တာနဲ့ စပါ
2. Greeting မှာ Dear (နာမည်) or Good Morning/Afternoon (နာမည်) ရေးရပါမယ် သူငယ်ချင်းတွေကို ရေးသလို "Hey" လို့ သုံးလို့မရပါဘူး
3. ပထမ စာပိုဒ်မှာ How are you? ကိုယ်ပြောချင်တဲ့ အကြောင်းအရာ introduction ရေးရပါမယ်
4. ဒုတိယ စာပိုဒ်မှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ အသေးစိတ်ကို တိုတိုတုတ်တုတ် ရေးပါ အရေးကြီးပြီးပြောချင်တဲ့ အကြောင်းအရာတွေနဲ့ အရင်စပါ စာရေးရင် ဖတ်လို့လွယ်ကူအောင် နားလည်လို့ လွယ်ကူတဲ့ စာလုံးတွေပဲ သုံးပါ အကြောင်းအရာများရင် ဖတ်လို့လွယ်အောင် စာပိုဒ်ခွဲရေးပါ
Slang တွေ Shortcuts အတိုကောက်တွေမသုံးပါနဲ့ ကိုယ်နားလည်ပေမယ့် တဖက်က နားလည်ချင်မှ နားလည်ပါလိမ့်မယ်
5. အမြဲတမ်း ကျေးဇူးတင်ကြောင်းရေးပေးပါ"Thanks in advance." "Thank you for your consideration," or "Thank you in advance for your help." "Looking forward to [discussing the results, talking about what you find, learning more about X] "I'd be grateful if you could finish X by [date] ... "
6. "Best regards" သို့ "Sincerely " နဲ့ မိမိနာမည်လဲ အမြဲ ထည့်ဖို့ မမေ့ပါနဲ့
7. Proofread your email: Email ရေးပြီးရင် Grammar မှန်မမှန် စာလုံးပေါင်းမှန် မမှန် ထည့်ရမယ့် attachments တွေ ပါမပါ အနဲဆုံး ၂ ခါလောက် Double-Check ပြန်စစ်ပါ အမဲရောင် နဲ့ရေးပြီး Font တူတူ consistence ရှိဖို့လဲ မမေ့ပါနဲ့
8. Email ပို့ရင် ဘယ်အချိန်အကောင်းဆုံးလဲ?မနက်ပိုင်း ရုံးစဖွင့်ချိန်က အကောင်းဆုံးပါ ရုံးစစရောက်ခြင်း လူတွေက Email 📧 စစစ်ကြတာများလို့ မိမိရဲ့ Email ကို အမြန်ဆုံးတွေ့ဖို့ အကောင်းဆုံး အချိန်ပါပဲ
9. Follow upမိမိပို့တဲ့ Email 📧 ကို Reply မပြန်ရင် နေ့စဉ် ထပ်ခါတလဲလဲ ပို့တာထက် တပတ်လောက်ကြာမှ "ကျွန်မပို့တဲ့ ပြီးခဲ့တဲ့ အပတ်က Email 📧 ကို ဖတ်ပြီးပြီ ထင်ပါတယ် အဲထဲက မေးထားတဲ့ အကြောင်းလေး သိဖို့လိုအပ်နေလို့ စာထပ်ပို့ရတာပါ" လို့ အရေးအသားပြောင်းပြီး ယဉ်ယဉ်ကျေးကျေးမေးပါ
အကြောင်းအရာ တူတူပဲကို ထပ်ခါတလဲလဲပို့ရင် တဖက်က လူက ဖတ်မှာ မဟုတ်တော့ သလို Spam ထဲရောက်သွားနိုင်ပါတယ်
10. No EmojiProfessional Email ပို့ရင် emoji တွေ မထည့်ပါနဲ့ Font ကို ကြီးလိုက်သေးလိုက် ရေးတာမျိုး Font တွေပြောင်းရေးတာမျိုး လုံးဝမလုပ်ပါနဲ့ ဒီအချက် ၁၀ ချက်ကတော့ Professional Email 📧 ပို့ရင် လိုက်နာသင့်တဲ့ အချက်တွေပါပဲ Professional Email address ဘယ်လိုဖွင့်ရမလဲဆိုတာလဲ ဒီပို့စ်ထဲမှာပြောပြထားဖူးလို့ ဖတ်ကြည့်ပါဦးနော်
👉https://www.facebook.com/MoefromAmerica/photos/a.1418503291953046/1423682224768486/?type=3
ချစ်ခြင်းများစွာဖြင့်xoxo 😘Dr.Moe #MoefromAmerica
👉http://moefromamerica.blogspot.com/2022/05/10-tips-to-write-professional-email.html
Photo Courtesy : The Balance
Comments
Post a Comment