"A New Life in a Different Country"
တနေ့က Zumba သွားတော့ တူတူ work out လုပ်နေကျ Korea မ ကအပြန်ခဏနေဦးဆိုပြီး သူပြောစရာရှိလို့ဆိုပြီး class မပြီးခင် အပြေးလေးလာပြောတယ်
Question : "နင်ဘယ်မှာနေတာလဲ? အိမ်က Bedrooms အိပ်ခန်း ဘယ်နှခန်းပါတာလဲ?"
Answer : "ငါတို့အိမ်က အိပ်ခန်း ၄ ခန်းပါတယ် နေတဲ့သူက ၂ ယောက်ပဲရှိတယ် ဒါပေမယ့် ဌားဖို့ အစီအစဉ်တော့ မရှိဘူး ငါတို့က Privacy ရှိတာကြိုက်လို့ ဘယ်သူ့ကိုမှ မဌားဖြစ်တာ"
သူမက အခု 5 bedrooms အိပ်ခန်း ၅ ခန်းပါတဲ့ အိမ်မှာဌားနေတယ် တလ $2600 ပေးရတယ် ဒါပေမယ့် သူမ အမျိုးသားနဲ့ သား စုစုပေါင်း လူ ၃ ယောက် ပဲရှိတယ် အဲလောက် အိမ်ကြီးစရာမလိုလို့ အခုပြောင်းဖို့ စဉ်းစားနေလို့ အကြံလာတောင်းတာတဲ့
အခု ငွေကြေးဖောင်းပွမှုတွေက ဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အကုန်တက်နေတယ်
အိမ်ဌားခတွေလဲ အရမ်းဈေးကြီးသွားပြီ
အခုက US မှာပဲ ပိုနေဖြစ်တော့မှာမို့ မလိုအပ်တာတွေ မကုန်ရအောင် စဉ်းစားနေရပြီ
သူမက ကိုရီးယားမှာဆို အိမ်ရော ကားရော အကုန်အပိုင်ရှိတယ် အခု US ရောက်တာ တနှစ်ခွဲရှိပြီ ကားလဲ သူမအမျိုးသားကားပဲရှိတယ် ဘာမှ အပိုင်မရှိလို့ စိတ်ညစ်နေရတယ်
သူမ အမျိုးသားက စစ်တပ်ကမို့ US မှာတာဝန်ကျလို့ပြောင်းလာရတာ သူကလဲများသောအားဖြင့် အလုပ်တာဝန်နဲ့ အိမ်မှာမရှိတာများတယ် သူမသားနဲ့ သူမနဲ့ပဲ ၂ ယောက် အိမ်မှာရှိဖြစ်ကြလို့ အိမ်က အရမ်းကြီးနေလို့တဲ့ သူ့ကို Condo သို့ Apartment ကိုပြောင်းဖို့ အကြံပေးလိုက်ပါတယ်
ကားကတော့ သူ့သူငယ်ချင်း အီတာလျှံ တယောက်က August ဆို သူ့နိုင်ငံကိုပြန်တော့မှာမို့ သူ့ဆီက ဝယ်ထားတယ်တဲ့
နိုင်ငံတနိုင်ငံကိုပြောင်းရင် ကိုယ့်နိုင်ငံမှာနေရသလိုတော့ အစစအရာရာ ပြည့်စုံမှာ မဟုတ်ဘူး အများကြီး သည်းခံရမယ် ဒါတောင် သူမ အမျိုးသားက စစ်တပ်ကဆိုတော့ allowance တွေ အများကြီးရတာ ဘဝဆိုတာလဲ ပျော်ရာမှာ မနေရ တော်ရာမှာနေရတာပါပဲ
#MoefromAmerica ❤️
Photo Courtesy: Internet
👉http://moefromamerica.blogspot.com/2022/05/a-new-life-in-different-country.html
Comments
Post a Comment