"Be Open-Minded"
လူတချို့က နိုင်ငံရပ်ခြားကိုတော့ရောက်ပါတယ် ထူးထူးခြားခြား ဘာမှ တိုးတက်ပြောင်းမလဲသွားဘူး
ဘာလို့လဲ ဆိုတော့...Open-Minded မဖြစ်လို့ပါပဲ နေရာဒေသ အသစ်ကို ရောက်နေပေမယ့် အတွေးအခေါ် အသစ်တွေ ယုံကြည်မှု အသစ်တွေကို မပြောင်းလဲနိုင်ကြဘူး အဟောင်းတွေကိုပဲ လက်ကိုင်ထားကြတယ် အမှားလုပ်မိမှာလဲ အရမ်းကြောက်တတ်ကြတယ်
တချို့လူတွေအတွက်ကျ Open-Minded ဖြစ်တာက လေရှုသလိုပဲ အရမ်းလွယ်ကူတယ်အဲလိုလူမျိုးတွေကျ အောင်မြင်ဖို့ အရမ်းလွယ်တယ် အောင်မြင်တဲ့သူတွေ လိုက်နာကျင့်သုံး အမူအကျင့်တွေကို ပြောပြပေးပါမယ်နော်
1. Listen More Than You Talkကိုယ်ချည်းပဲပြောနေတာထက် သူများပြောတာကို နားထောင်ပါ နယ်ပယ်စုံက သူငယ်ချင်း များများထားပြီး သူတို့ပြောတာ နားထောင်ပါ ဆွေးနွေးပါ
2. Thank People for Their Suggestionsသူတပါးက ကိုယ့်ကို suggestions လာပေးရင် စဉ်းစားပြီး လက်ခံသင့်ရင် လက်ခံပါ ပြောင်းလဲသင့်ရင်ပြောင်းလဲပါ ကိုယ့်အယူပဲ အမြဲမှန်တယ် လို့ ငါ စွဲမစွဲထားပါနဲ့
3. Think for Others အမြဲ မိမိအတွက်ပဲ စဉ်းစားတာထက် သူတဖက်သား အတွက်လဲ စဉ်းစားပေးပါ
4. Learn from your mistakesOpen-Minded ဖြစ်သူတွေက အမှားလုပ်မိရင်လဲ သေချာပြန်သုံးသပ်ပြီး အမှားကနေ ပြန်လည်သင်ယူကြတယ်
Open-Minded ရှိခြင်းဖြင့် .....တိုးတက်တာကို မြန်စေတယ် စိတ်ဓာတ်လဲ ပိုမိုကြံ့ခိုင်စေတယ် သူငယ်ချင်းမိတ်ဆွေလဲ ပိုမိုများစေတယ်လိမ်လည်လှည့်ဖျားခံရတာလဲ နဲစေတယ်မိမိကိုယ်ကိုလဲ ပိုမိုပျော်ရွှင်စေတယ်Open-Minded ရှိသူတွေက Smart ဖြစ်ပြီး IQ လဲ မြင့်ကြတယ် လောကကြီးကို အကောင်းမြင်တတ်ကြတယ်
Open-Minded ဖြစ်အောင် မျက်စိဖွင့် နားစွင့်ပြီး ပုံမှန် အမြဲသင်ယူပါ ဦးနှောက်က နုပျိုလန်းဆန်းနေမှာပါ
နိုင်ငံခြားကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ရောက်သွားသူတွေ လူမျိုးစုံတွေနဲ့ပေါင်းသူတွေ Cultural diversity ဖြစ်သူတွေက Open-Minded ပိုဖြစ်ကြတယ် ပြောင်းလဲတာကို လက်ခံနိုင်ကြတယ်
ကျွန်မလဲ ငယ်ငယ်ကတည်းက နိုင်ငံခြားရောက်ဖြစ်သွားလို့ အမှားလုပ်မိမှာကိုလဲ မကြောက်တတ်ဘူး သူငယ်ချင်းဆိုလဲ လူကောင်းဆိုအကုန်ပေါင်းတာပဲ သူတို့ဆီက ကောင်းတဲ့ အကျင့်တွေဆိုလဲ လက်ခံသင်ယူလိုက်တာပဲ လောကကြီးမှာ မနက်ဖြန်မှာ သေသွားခဲ့ရင်တောင် ကိုယ်လုပ်ချင်တာတွေ မလုပ်လိုက်ရလို့ နောင်တမရချင်ဘူး
မိမိကိုယ်ကို တိုးတက်ပြောင်းလဲချင်ရင် Open-Minded ဖြစ်အောင် အရင်ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်
စာဖတ်သူတွေရော Open-Minded ဖြစ်ချင်လား မန့်ပေးကြပါဦးနော် 😍
ချစ်ခြင်းများစွာဖြင့် ❤️ #MoefromAmerica
Photo Courtesy : Internet
👉http://moefromamerica.blogspot.com/2022/05/be-open-minded.html
Comments
Post a Comment