လွတ်မြောက်ခြင်း လွတ်လပ်ခြင်း
တနေ့က အမကြီး တယောက် ကျွန်မကို လာရင်ဖွင့်တယ် ကျွန်မရေးပေးတဲ့ Relationship အကြောင်းတွေဖတ်ပြီး စိတ်သက်သာလာလို့တဲ့
သူ့ယောကျာ်းက အရက်သောက် ဆေးလိပ်သောက် weeds ဆိုတဲ့ ဆေးခြောက်ပါချပြီး ပိုက်ဆံတွေကုန် ဘဝအတွက် ရည်ရွယ်ချက်လဲ မရှိလို့တဲ့ သူအရမ်းစိတ်ညစ်နေရတယ်
ကျွန်မတုန်းကလဲ အရင်က ကိုယ်နဲ့ နိုင်ငံရပ်ခြားမှာ ကြိုက်ခဲ့ဖူးတဲ့ တခါတရံမှ အရက်သောက်တတ်တဲ့ လူတယောက်ဟာ မြန်မာပြည်လဲရောက်ရော အရက်သမားလိုပဲ ညဆို သောက်လိုက်ရမှ ဘီယာဆိုလဲ ၁၅ ဘူးလောက်က မမှုဘူး ဘဝ ရည်ရွယ်ချက်ကို မေးရင် "ပိုက်ဆံဖြုန်းဖို့ ပျော်ပျော်နေဖို့တဲ့"
ကိုယ့်နဲ့ စကားပြောတဲ့ Language တွေ ဘဝရည်မှန်းချက်တွေ မတူတော့ဘူး ဆိုတာ တဖြေးဖြေးသိလာရတယ်
အဲဒါကို တဘဝစာအတွက် ရှေ့ဆက်ရမလား? ဒီလိုပဲ နစ်မြှုပ်နေတော့မလား? ရပ်တန့်ရမလား? ခြေစုံကို ရပ်လို့တွေဝေခဲ့ဖူးတယ်
နောက်ဆုံး နာကျင်ရင် နာကျင်ပစေ ဆိုပြီးရုန်းထွက်လိုက်တယ် မခံစားရဘူးလားဆိုတော့ သေအောင်ခံစားရပါတယ် နေ့စဉ် စဉ်းစားမိတိုင်း မျက်ရည် တောက်တောက်ကျခဲ့ရလောက်အောင် အသဲကနုခဲ့တယ် ဆယ်ကျော်သက် ဘဝကတည်းက အသဲနှစ်ပြီး အချိန်အတိုင်းအတာတခုထိ ချစ်ခဲ့ဖူးတာဆိုတော့လဲလေ .....
ကိုယ့်ကိုကိုယ် Heal ဖြစ်ဖို့ ၅ နှစ်လောက်အချိန်ကြာခဲ့တယ် အဲဒဏ်ရာတွေကို မေ့ပျောက်ဖို့ ကုစားဖို့ ကိုယ့်ဘဝအတွက် တသက်မှာတခါမှ အဲလောက်မကြိုးစားဖူးတယ်ထင်ရလောက်အောင် စာတွေ ကြိုးစားဖတ်ပလိုက်တယ်
ဒါပေမယ့် ရုန်းထွက်လိုက်တဲ့နေ့က စပြီး သူ့အတွက် ကျွန်မ စိတ်ပူစရာမလိုတော့ဘူး ကျွန်မ ဘဝအတွက် ကိုယ်လုပ်ချင်တာတွေ စဉ်းစားလို့ရပြီး ဖြေးဖြေး မှန်မှန်နဲ့ တခုစီလုပ်ပြီး ကိုယ်လိုရာ ပန်းတိုင်ကို လျှောက်လို့ရပြီ
ဘဝဆိုတာ တိုတိုလေးပါ မိမိစိတ်ပျော်ဖို့ လုပ်ချင်ရာတွေလုပ်နေရဖို့ လိုအပ်ပါတယ်
ဒါကြောင့်မို့ မပျော်ရတဲ့ Unhealthy Relationship တစ်ခု Toxic Relationship တခုမှာ အချိန်မဖြုန်းပဲအဆင်ပြေမလာတဲ့ ပြောင်းလဲမလာတော့တဲ့ လူတစ်ယောက်အပေါ် အကြာကြီး စောင့်နေတာ တဘဝလုံး စိတ်ညစ်ခံနေရတာထက် မိမိပျော်ရွှင်ဖို့ လွတ်မြောက်ဖို့ အဆိပ်ဖြစ်နေတဲ့ အပင်ကို အမြစ်ကနေစ ကိုယ့်ကိုကိုယ် ကိုင်နှုတ်ရဲတဲ့ သတ္တိတော့ရှိရမယ်
သေလောက်အောင်နာကျင်မယ့်ဒဏ်ပတ်ဝန်းကျင်က ဝေဖန်မှုတွေ support မလုပ်တာတွေ မျိုးစုံကြားရမှာပဲသူတို့က ကိုယ်ခံစားနေရတာတွေ သိသူမှ မဟုတ်တာပဲ ignore လုပ်ထားလိုက် လစ်လျူရှုထားလိုက်ပါ
အချိန်တခုရောက်ရင် ပါးစပ်တွေပိတ်သွားပါလိမ့်မယ် ဘဝရည်မှန်းချက်အတွက်ပန်းတိုင်တခုချပြီး ဖြေးဖြေးမှန်မှန်သာလျှောက်နေပါ.....
With Love ❤️#MoefromAmerica 👉http://moefromamerica.blogspot.com/2022/05/blog-post.html
Comments
Post a Comment