" အမှားတွေကနေ သင်ယူပါ "



ဒီနေ့ ကျွန်မ အလုပ်လုပ်နေရင်း ဘေးနားမှာ အလုပ်ထဲက co-workers အသစ်တွေ စကားပြောတာတွေကြားနေရတယ် 


တယောက်က ကလေး ယောက်ရှိတယ် တယောက်က ယောက်ရှိလို့ လစဉ် စရိတ်တွေ များတဲ့အကြောင်း သူတို့ ယောက်လုံး High School ပြီးကတည်းက အလုပ်၂ ခု လုပ်ပြီး ကားဝယ်ဖို့ ပိုက်ဆံစုခဲ့ရတာတဲ့ အခုကလေးတွေ ရလာတော့ သူတို့ရတဲ့ လစာကလဲ တနာရီ $16 ဆိုတော့ တလတလ လောက်ငအောင် အကြွေးမတင်အောင် မနဲလုပ်နေရတဲ့ အကြောင်းတွေပေါ့


သူတို့ပြောတာ နားထောင်ရင်း ကျွန်မလဲ ကျောင်းတုန်းက သူငယ်ချင်းတယောက်ကို သတိသွားရမိတယ် သူ့နာမည်က V လို့ခေါ်တဲ့ အဖြူမပါ အတန်းရှေ့ဆုံးမှာထိုင်ပြီး ကျောင်းရောက်တာနောက်ကျမှ ပြန်ရင် သုတ်သုတ်နဲ့ စောစောပြန်တာ ကျောင်းတက်ရင်း Pharmacy မှာလဲ Technician အနေနဲ့ Part-time အလုပ်လုပ်ရသေးတယ် နေတဲ့နေရာလဲဝေးတော့ အိမ်ကနေကျောင်းကိုလာတာတင် တနာရီလောက် မောင်းရတာ ကျောင်းစတက်ကာစက ကလေးက တယောက်ရှိတယ် ကျောင်းတက်နေရင်း နှစ်တာကာလမှာ ကလေး ယောက်ထပ်မွေးတယ် 


မနက်စောစောကျောင်းမလာခင် ကလေးတွေကို Day Care မှာချပြီး ကျောင်းကပြန်ရင် Pick up လုပ် အိမ်မှာချ Pharmacy မှာ Part-time သွားလုပ်ရ အိမ်ပြန်ရောက်ရင် ဟင်းချက် ကလေးထိန်းရင်း အိပ်ငိုက်ငိုက်နဲ့ စာဖတ် ....


သူ့ကြည့်ပြီး အတော် လုပ်နိုင်တဲ့ အာဂ အမျိုးသမီးပဲလို့တွေးနေမိတယ် Grocery ဝယ်ရင်လဲ $100 ဖိုးလောက်ကို Coupons တွေ Click လုပ်ပြီး ဝယ်တာ $50 လောက်ပဲကျတယ် 

မိုး share ပေးထားတာ သူ့ဆီက သင်ထားတာတွေပါနော်  

"ပိုက်ဆံဘယ်လို ခြွေတာရမလဲ ပြောထားတဲ့ Videos လေးတွေလဲကြည့်လို့ရပါတယ်

👉https://youtu.be/WSLdFLmZ7Ig

👉https://youtu.be/Ec_vOoXB6ds

👉https://youtu.be/Y1CWGYmI4_o"


သူဒီလိုလုပ်ရတဲ့ နောက်ကွယ်က အကြောင်းကို ကျွန်မ သိချင်နေမိတယ်  တရက်တော့ အတန်းထဲ မှာသူပြောပြတယ် သူ့ယောကျာ်းက ကုန်ကားမောင်းတာ သူတို့ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ ယောက်လုံးက ဝင်ငွေမကောင်း မနဲရုန်းကန်နေရတယ် သူ့ယောကျာ်းက ဒီထက်လခကောင်းဖို့ မရှိတော့လို့ V က ပထမရထားတဲ့ Bachelor Degree ကလဲ သုံးစားမရတော့ နောက်ထပ် နှစ်လောက် အပင်ပန်းခံပြီး Pharmacist ဖြစ်အောင်လုပ်ဖို့ ဖြစ်လာတာပေါ့ 


နှစ်တာကျောင်းပြီးပြီးချင်း အတန်းထဲက Classmates တွေထက် License ပထမဆုံးဖြေတာလဲ V ပဲ သူက အဲလစာလိုချင်နေပြီ သူက အရင်ကတည်းက Pharmacy Technician နှစ်လောက်လုပ်လာခဲ့သူဆိုတော့ သူ့အနေနဲ့ စာတွေက လွယ်တယ် ဒါနဲ့ သူ License အောင်ပြီး အလုပ်တန်းလုပ်တာ အခုဆို Pharmacy Manager ဖြစ်နေပြီ လစာလဲ $160 k ရနေပြီ 


ငယ်ရွယ်စဉ်မှာတော့ ဘာမှ သေချာ မစဉ်းစားပဲ ပညာလဲ မပြည့်စုံ Career ကောင်းကောင်းလဲ မရှိပဲ အိမ်ထောင်ကျ ကလေးမွေးကြ ရရင် လတ်တလော အဆင်ပြေဖို့ ရရာ အလုပ်လုပ်ရတော့ လခနဲတဲ့ အလုပ်တွေကနေ မတက်နိုင်ကြဘူး ဖြစ်ကုန်ကြတာ V လို Time Management လုပ်တတ်ပြီး အခက်အခဲတွေကြားက ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အာဂမိန်းမမျိုးက ရှိတော့ရှိတယ် ရှားတယ်


အမေရိကန်စရောက်ကာစက ကျွန်မရဲ့ San Francisco က အဒေါ်က စကားတခွန်းမှာတယ် "တူမလေး ပညာကို သေချာသင်ပါတဲ့ ပညာကို ဆုံးခန်းတိုင်ရင် ထိုက်တန်သူ တယောက်တွေ့လာမှာပါတဲ့" အမေရိကန်မှာ Comfortable ဖြစ်တဲ့ Lifestyle တခုဖြစ်ဖို့ ပညာတတ်ဖို့လိုတယ် ဒါမှ လစာကောင်းပြီး ဘဝအတွက် အာမခံချက်ရှိတဲ့ အလုပ်တခုရမှာပါ


ကျွန်မတော့ အမေရိကန်ရောက်ကတည်းက လူတွေ အကြောင်းတော်တော်လေ့လာဖြစ်တယ် အောင်မြင်သူဆိုလဲ သူတို့ဘာကြောင့် အောင်မြင်တာလဲ ခက်ခဲနေသူတွေဆိုလဲ ဘာကြောင့်လဲ စဉ်းစားကြည့်ဖြစ်တယ်


ဒီပုံပြင်လေးမှာတော့ ဘဝဖြတ်သန်းလာတာ တူပေမယ့် အရမ်းကြိုးစားပြီး ရုန်းထွက်သွားနိုင်တဲ့ V နဲ့ ကျွန်မရဲ့Co-workers အသစ်တွေအကြောင်း ယှဉ်တွေးမိတဲ့ အတွေးလေးကို ပြောပြပေးသွားတာပါ


ချစ်တို့ရော V ကို အားကျမိလား? သူ့လိုလုပ်နိုင်မယ်လို့ ထင်လား? ပြောပြပေးကြပါဦးနော်


ချစ်ခြင်းများစွာဖြင့် ❤️

 #MoefromAmerica 


Photo Courtesy : Internet

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application