ကျောင်းတက်နေရင်း အလုပ်လုပ်သင့်လား ?



အခု မေလက ကျောင်းတွေက ဘွဲ့ 🎓 ယူတဲ့ ကာလပါ ကျွန်မတို့ အလုပ်မှာလဲ လူတွေဌား Hiring တွေ လုပ်နေကြတယ် မနေ့က District Manager ရောက်လာတော့ ကျောင်းတက်ရင်း အလုပ်လုပ်သူတွေကို Graduate Intern အနေနဲ့ ခေါ်ရတာ ပိုကောင်းကြောင်း ပိုကြိုက်ကြောင်း ပြောပါတယ် သူတို့က Knowledge ပိုကြွယ်ဝလို့ License Exam ကို မြန်မြန်အောင်ဖို့ Chance များတယ် 
အခုတလော US မှာ အခုကျောင်းတက်နေတဲ့ ကျောင်းသား တယောက် အမေနဲ့ စကားပြောတုန်းက သူ့သားလေးက ကျောင်းမှာ Grade ကျမှာစိုးလို့ အလုပ်မလုပ်ပဲ ကျောင်းပဲတက်ကြောင်းပြောပါတယ်
International ကျောင်းသား တယောက် အနေနဲ့ အမေရိကန်ရောက်ကာစမှာ အလုပ်ရှာရတာအခက်အခဲတော့ ရှိနိုင်ပါတယ် ဒါပေမယ့် အခွင့်အရေးပေါ်လာပြီး ကျောင်းစာလဲ မထိခိုက်ရင် လုပ်သင့်ပါတယ် on campus လုပ်ရတဲ့အလုပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ အ​ဝေးကြီးလဲ သွားစရာမလိုတာကြောင့် အလုပ်ရခဲ့ရင် လုပ်ပါ  Working Experiences ရှိရင် ကျောင်းပြီးရင် အလုပ်တွေက ပိုခေါ်ချင်ပါတယ် အလုပ်လုပ်ခြင်းဖြင့် Culture ကိုပိုနားလည်ပြီး ပေါင်းသင်းဆက်ဆံရေးလဲ ပိုကောင်းလာပါတယ် 
အမေရိကန်က လူငယ်တွေဆို High School ကတည်းက ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးရတာပါ အမေရိကန်မှာ ဆေးကျောင်းတက်မယ့်သူတွေဆို GPA 4.0 အရမ်းကောင်းပြီး ဘာ Working Experiences/ Background Knowledge မရှိရင်လဲ ကျောင်းဝင်ခွင့် မရနိုင်ပါဘူး အမေရိကန်က ကျောင်းပဲဖြစ်ဖြစ် အလုပ်လျှောက်ရင်ပဲဖြစ်ဖြစ် GPA လဲ ကောင်းပြီး Working Experience ရှိသူ Well-Rounded ဖြစ်တဲ့သူတွေကို ပိုသဘောကျကြပါတယ်
ဒါကြောင့် အခွင့်ရှိရင် အလုပ်လုပ်ပါလို့ပြောချင်ပါတယ် On campus ဘာအလုပ်တွေလုပ်လို့ရမလဲ ဘယ်လို အလုပ်ရှာမလဲဆို တာ ဒီ Video ထဲမှာ ကြည့်နိုင်ပါတယ်ရှင် How to get a job on campus?👉https://youtu.be/E3zyWdwxd94
ပိုက်ဆံထက် အတွေ့အကြုံဆို ငွေနဲ့ ပေးဝယ်လို့မရတဲ့ အရာတခုပါ ဖြစ်နိုင်ရင် ကျောင်းလဲတက်ရင်း Part-Time အလုပ်လုပ်ပြီး အတွေ့အကြုံရှာပါလို့ တိုက်တွန်းပါရစေ 
ချစ်ခြင်းများစွာဖြင့် ❤️ #MoefromAmerica 
👉http://moefromamerica.blogspot.com/2022/05/blog-post_13.html

Comments

Popular posts from this blog

"၁၀ တန်း မအောင်ရင် GED ဖြေပါ"

Free English As Second Language (ESL) Application

အိုစာမင်းစာစုပါ 401 K Retirement Saving