အချစ်အတွက် ကံမကောင်းခဲ့သူ တယောက် အကြောင်း


သူ့နာမည်က Brian လို့ခေါ်တယ် အမေရိကန်မှာ မွေးတဲ့ Korean ပေါ့ Work Out   🏋️‍♂️  က အရမ်းလုပ်တယ် 6 packs နဲ့ လက်မောင်းဆိုလဲ အောင်လအန်ဆိုင်း လောက်ရှိတယ်


သူ့နဲ့စသိကာစက သူ့အိမ်သွားလည်တော့ သူ့မှာ Long-term girlfriend ရှိတယ် သိပ်မကြာခင် သက်တမ်း နှစ်ရှိတဲ့ သူတို့ relationship ကပြတ်သွားပါလေရော

ကောင်မလေးက သူနဲ့ အလုပ်တူတူလုပ်တာ တရုံးတည်းက အဖြူတယောက်နဲ့ကြိုက်ပြီး တန်းလက်ထပ် ဂျပန်ကိုပြောင်းသွားတာ


အိမ်ဝယ်ထားတာက ကောင်မလေးစိတ်ကြိုက်ရွေးထားတာ သူတို့အိမ်က ရှေးဟောင်းပုံစံ အပင်တွေလဲ အများကြီး Brian က တနေ့တနေ့ ခြံရှင်းနေရတာနဲ့ အချိန်ကုန်နေတယ် 


Brian မှာ အသဲတွေကွဲပြီး အိမ်ထိလာငိုရှာတယ် သူ့အိမ်နဲ့ ကျွန်မတို့အိမ်က - နာရီဝေးတယ်


အဲဒါနဲ့ သူ့အပူက ကျွန်မအပူဖြစ်လာတယ် ဝိုင်းစဉ်းစားပေးရတယ် ဘာလုပ်ပေးရင်ကောင်းမလဲပေါ့ 


နောက်တော့ ကိုယ်ကျွမ်းတာ ဓာတ်ပုံအလှရိုက်တာလေ ကျောင်းမှာ နှစ်တိတိ အတန်းခေါင်းဆောင် Social Media အပိုင်း လုပ်လာတာ

သူ့ကို ပုံအမိုက်စားတွေရိုက်ပေးပြီး Dating Website မှာ Profile Set up လုပ်ပေး စာပါကူရေးပေးပြီး ဘယ်နှလဖွင့်မလဲ မေးတာ တနှစ်စာ ဖွင့်မယ်တဲ့ $ 200 ကျော်ကုန်တယ် သူလဲ စိတ်ညစ်နေတာနဲ့ ပိုက်ဆံကုန်လဲ ကုန်ပစေပေါ့ ဖွင့်တာပဲ ကျွန်မလဲ သူများ relationship အတွက် စိတ်ညစ်ရင် အကျိုးဆောင်ရတာ တော်တော်များတယ် 😁


Brian က မိန်းမဆ်ို Body ကို အရမ်းကြည့်တယ် သူလဲ work out အရမ်းလုပ်သလို မိန်းမဆိုလဲ Body ကို take care လုပ်မှကြိုက်တာ


အဲဒါနဲ့ သူလဲ dating website  ကနေ ဒိတ်ရှာ မိန်းမတွေနဲ့ စကားတွေပြောကြပေါ့ တလပဲကြာတယ် ကလေး ယောက် အမေ ကျောင်းဆရာမနဲ့ Relationship Confirm ဖြစ်နေပြီဆိုပြီးပြောလာတယ် ကျွန်မကတောင် မြန်လှချည်လားလို့ အံ့ဩသွားတယ် မေးကြည့်တော့ တွေ့တွေ့ချင်း သဘောကျတာတဲ့


ဒီလိုနဲ့ တနှစ်ကျော်လောက် Date ကြပြီး Brian က သူမ နဲ့ ရှေ့ဆက်သွားဖို့လဲ ဆုံးဖြတ်ချက်မချန်ိုင် သူမ မိဘတွေနဲ့ ပေးတွေ့တာလဲ မတွေ့ချင်ဘူး ပညာပဲ ဆက်သင်တော့မယ်ဆိုပြီး သူစုထားတဲ့ ပိုက်ဆံနဲ့ Master Degree တက် Pilot 👨‍✈️ သင်တန်းတက်မယ်ဆိုပြီး Hawaii မှာအခုကျောင်းသွားတက်တယ်.....


Brian အကြောင်းပြောရရင် သူ လူပျိုကြီးပဲ ဖြစ်မယ်လို့ ကျွန်မမြင်တယ်.....


 ▪️ဒုတိယ Relationship မှာ ရှေ့ဆက်တိုးဖို့ ကြောက်နေတာ ကလေး ယောက် အမေဆိုတော့ သူ့မိဘက သဘောမတူမှာ စိုးရိမ်နေတာ


▪️ပထမ Relationship မှာကျ သူက Fun Person မဟုတ်တဲ့အတွက် ကောင်မလေးက ထားခဲ့တာ 

သူက Acne ရှိတယ် ဆင်ဝက်ခြံထွက်တာ မျက်နှာမှာ အမြဲမပြတ်ပဲ ဒါကြောင့် အပြင်မှာ eat out လုပ်လို့မရဘူး အမြဲ အိမ်မှာပဲချက်စားတယ် ပိုက်ဆံလဲ အရမ်းစုတယ် မိဘကိုလဲရိုသေတယ် စကားနားထောင်တဲ့ သားလိမ္မာလေးပေါ့ 

ဒါပေမယ့် သူ့ Relationship ကြီးက အရမ်း Dry ဖြစ်နေတယ်


Relationship တခုမှာ ကိုယ့်ချစ်သူကို ပျော်ရွှင် စေသူမှပဲ ရေရှည်ခံမှာပါပဲ 


စာဖတ်သူတွေရော Relationship တခုမှာ ဘာအရေးကြီးတယ် ထင်လဲ?


#MoefromAmerica ❤️


FYI: ဒါ Brian ပုံမဟုတ်ပါ

Internet က ပုံတပုံပါ

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application