Free Clinic တွေအကြောင်း...



အမေရိကန်နိုင်ငံမှာနေရင် အထူးဂရုစိုက်ရမှာတခုက ကျန်းမာရေးပါ ကျန်းမာရေး ကုသမှုစရိတ်က အရမ်းမြင့်ပါတယ်

အမေရိကန်ကို စရောက်ကာစ Health Insurance မရှိသေးတာ Medicare/ Medicaid တွေမရှိဘူး ဆေးခန်းလဲပြစရာရှိတယ်ဆိုရင် မိမိနေထိုင်တဲ့ Zipcode မြို့နယ် ပတ်ဝန်းကျင်မှာ Free Clinic တွေ ဘယ်မှာရှိလဲ ရှာကြည့်ပြီးပြလို့ရပါတယ် 

Low income (ဝင်ငွေနဲသူ) / No income (ဝင်ငွေမရှိသူ)/ Underinsured သမားတွေအတွက် အဆင်ပြေပါတယ် Medical ဖျားနာတာ, Dental 🦷 သွားခံတွင်း, Eyes မျက်စိစစ်တာတွေ လုပ်လို့ရပါတယ်

Dental 🦷 ဆို သွားနှုတ်ရင် $70 လောက်ပဲ ပေးရပါတယ် ပုံမှန်ဆိုင်တွေမှာဆို $200 လောက်ရှိတတ်လို့ 1/3 သုံးချိုးတချိုး သက်သာတတ်ပါတယ် 

Free Clinic တွေရဲ့ကောင်းချက်က ဈေးသက်သာတာ မကောင်းတာက Service အကုန်မရှိဘူး Appointment အကြာကြီးစောင့်ရတယ် 

ဝင်ငွေနဲပါးကြောင်း/ ဝင်ငွေမရှိကြောင်း အထောက်အထားအရင် သွားယူမှ ဆေးခန်းက လက်ခံ Appointment ပေးတတ်လေးတော့ရှိလို့ ဖုန်းအရင်ဆက်ပြီး ဘယ်မှာသွားယူရမလဲ မေးလို့ရပါတယ်

အမေရိကန်မှာနေလို့ Health Insurance မရှိရင် မိမိပတ်ဝန်းကျင်မှာရှိတဲ့ Free Clinics တွေကို သတိရကြနော်

With Love ❤️
#MoefromAmerica 

Photo Courtesy: Internet

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application