စိတ်ချမ်းသာတဲ့ Healthy Relationship တခုဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ?


ကျွန်မတို့ မြန်မာ မိန်းကလေးတွေက ယောကျာ်းလေးတွေက ကိုယ့်ကိုကြိုက်တယ် ပြောရင် လက်ခံလိုက်ပြီး ဒီတယောက်နဲ့ ဆိုးဆိုးကောင်းကောင်း တဘဝလုံး လက်တွဲသွားကြရတယ်

အဲဒါမှန်လား?

မြန်မာပြည်မှာတော့ မှန်ကောင်းမှန်ပေမယ့် အမေရိကန်မှာတော့ အများစုက ဒီလူတယောက်နဲ့ အတည်တကျ Settle Down မဖြစ်ခင်မှာ ဒိတ် Date ကြည့်ကြတယ် တွဲကြည့်ကြတယ်

US မှာဆို တယောက်နဲ့ တယောက် ဘယ်လိုတွေ့ကြလဲ?

▪️ကျောင်းမှာတက်ရင်းတွေ့နိုင်သလို
▪️တချို့တွေကလဲ Club တက် Bar သွားရင်းတွေ့ကြတာ
▪️တချို့တွေကလဲ Online Dating Websites တွေက တွေ့ကြတာ
▪️တချို့ကျတော့ Mutual Friends 👭၂ ဖက်စလုံးကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း တွေ မိတ်ဆက်ပေးလို့ .....အစုံပါပဲ

အမေရိကန်မှာက လူတယောက်နဲ့တွေ့ပြီး တန်းယူတာထက် Date ဒိတ်ချိန်းလိုက် မုန့်စား စကားပြောကြည့် ရုပ်ရှင်ကြည့်တာတို့ beach သွားတာတို့  လုပ်ကြည့်ကြတယ် တပတ်တခါတွေ့ရင် ၃-၄ ခါတွေ့ရင် အဲလူက ကိုယ့်နဲ့ အဆင်ပြေမလား နဲနဲ မှန်းလို့ရနေပြီ sex လုပ်ဖို့ မလိုပါဘူးနော် ရိုးရိုးပဲ အရင် စိတ်တူလား စမ်းသပ်ဆဲကာလပါ

ပုံမှန်အားဖြင့် ယောကျာ်းလေးက ပိုက်ဆံရှင်းကြပါတယ် တချို့ ကပ်စီးနဲသူတွေလဲရှိပါတယ် ဒါကြောင့် ပိုက်ဆံသူရှင်းတာလား? ကပ်စီးနဲလား? ကိုယ်သွားချင်တဲ့နေရာ စားချင်တဲ့နေရာ သွားဖို့ ညှိနှိုင်းရတာခက်လား အဆင်ပြေလား? ကိုယ့်အပေါ်ရော ဘယ်လောက်အလေးထားလဲ အများကြီး အကဲခတ်ဖို့လိုမယ် 

ကျွန်မအရင်တုန်းက ဒိတ်ဖူးတဲ့ ကျောင်းက Professor သား Aj ဆို ရုပ်ကလေးကလဲချော ဗလလေးလဲတောင့် စစတွေ့တော့ သဘောကျမိသလိုပဲလို့ စိတ်ထင်နေမိတာ....

First date က ဈေးအသင့်အတင့်ရှိတဲ့ စားသောက်ဆိုင်မှာချိန်းပြီး movie ကြည့် ( Food + Movie)၂ မျိုးဆိုတော့ $100 လောက်ကုန်တယ် တခါပဲသွားပြီး နောက်ဆို တခုပဲလုပ်ပါတဲ့ ၂ ခုဆို သူမတတ်နိုင်လို့တဲ့ 🔔 စိတ်ထဲအချက်ပြနေပြီ "ကပ်စီးနဲ" ဆိုတာ သူ့အိမ်မှာပဲ သူ့မိဘနဲ့ Dinner ခဏခဏလာစားခိုင်းတယ် သူ့မိဘတွေကလဲ ကျွန်မကို interview လိုက်တာစုံနေတာပဲ သူတို့အိမ်သွားရတာ စိတ်ကျဉ်းကြပ်တယ်
နောက်တော့စကားပြောရင်းနဲ့ Aj အကြောင်းသိလာတယ် သူက မိဘစကား တသွေမသိမ်းနားထောင်တဲ့သားလေး Lunch က အစ အိမ်ကနေ့တိုင်းထည့်သွားတာ အလုပ်ထဲလဲ ဘယ်သူ့နဲ့မှ စကားမပြောဘူး Socially isolated ဖြစ်တဲ့သူတယောက် 

တရက်သူ့အိမ်မှာ ရုပ်ရှင်ကြည့်ပြီး အပြန် သူ့အမေက "သားရေ ဆေးသောက်ပြီးပြီလားတဲ့" ကျွန်မကလဲ Pharmacy Student ဆိုတော့ ဆေးဆိုတာနဲ့ စပ်စုတာ ဘာဆေးသောက်နေတာလဲပေါ့ "Trazodone" တဲ့ အဲဆေးက အိပ်ဆေးလဲ ဟုတ်သလို စိတ်ဓာတ်ကျရောဂါတွေကုပေးတဲ့ဆေး စိတ်ငြိမ်ဆေးလဲ ဟုတ်တယ် သူ့မှာ Depression ရှိလို့ သောက်နေရတာပေါ့ ကျွန်မ စိတ်ထဲ Alarm 🚨 ပေးသွားတယ်

သူ့နဲ့ ဒိတ်မိတာ Summer ရောက်ခါနီးဆိုတော့ ကျွန်မက 🎢 Roller Coasters စီးရတာ ကြိုက်သူတယောက်မို့ Amusement Park သွားကြရအောင်လို့ပြောလိုက်တယ် သူက "You pay on your own" တဲ့ Aj ကပ်စီးနဲမှန်းသိတော့ ကျွန်မလဲ ဘာမှ ပြောမနေဘူး ကိုယ်စီးချင်တာ စီးဖို့က ပိုအရေးကြီးတယ်လေ Amusement Park က အိမ်နဲ့ 2 နာရီလောက်မောင်းရတယ် အဲဒါနဲ့ ကျွန်မမေးလိုက်တယ် "Aj, Will you drive there?" သူကပြောတယ် အဲဒါနင့်ကိုပြောမလို့ သူမောင်းလို့မရဘူး ကျွန်မကလဲ ဟမ် "Why?" ပေါ့ 

Aj ကပြောတယ် သူကားမောင်းတာ ရဲခဏခဏတားခံနေရလို့ Ticket 🎫 တွေ အများကြီးရထားတာ ဒီတခါထပ်ရရင် လိုင်စင်ပြုတ်လိမ့်မယ်တဲ့ လိုင်စင်ပြုတ်ရင် အလုပ်သွားလို့ရမှာမဟုတ်တော့ဘူး အဲဒါနဲ့ ကျွန်မလဲ "That's fine. I can drive there." လို့ပြောပြီးသွားကြတယ် ကျွန်မစိတ်ထဲတော့ တော်တော် အံ့ဩသွားတယ် ကျွန်မလို မိန်းကလေးတယောက်တောင် ရဲဆီက Ticket 🎫 မရအောင် ဂရုတစိုက် မောင်းနိုင်တယ် ဒီကောင် Responsible မရှိလိုက်တာဆိုပြီးတော့.....

​သူ့အမေနဲ့ ကျွန်မနဲ့လဲ ခင်တယ် တရက်ကျတော့ စာပို့လာပြီးပြောတယ် နင်နဲ့ Aj နဲ့ အပြင်သွားရင် ကိုယ့်ဘာသာရှင်းပါလားတဲ့ American System လေ ကျွန်မလဲ Aj ကို ပြန်ပြောပြလိုက်တယ် နင့်အမေက အဲလိုလာပြောတယ်လို့ "Aj said, don't worry about my mom, I can handle it." သူ့အမေပြောတာတွေ စိတ်ထဲမထားနဲ့ လို့ပြောပေမယ့် ကျွန်မကတော့ စိတ်ပိုင်းဖြတ်ပြီးနေပြီ 

အဲနောက်ပိုင်း ကျွန်မ Aj အပြင်သွားဖို့ စာပို့လာရင် မပြန်တော့ပါဘူး ၃ လလောက် ဒိတ်ခဲ့တယ် ၇ ခါလောက်တွေ့ဖူးခဲ့တယ် ကျွန်မနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး 
▪️ကပ်စီးနဲလွန်းတာရယ်
▪️Socially isolated ဖြစ်တဲ့သူ စိတ်ငြိမ်ဆေးသောက်နေရတဲ့သူတယောက်
▪️ကားလိုင်စင်တောင်ပြုတ်ခါနီးဖြစ်နေတာ
▪️ Mommy's Boy ဖြစ်ပြီး သူ့အမေက နေရာတကာ ဝင်စွက်ဖက်နေတာ

လက်တွဲဖော်ရှာတယ်ဆိုတာ မိန်းကလေးတယောက်အနေနဲ့ စုံထောက်လိုပါပဲ မျက်စိဖွင့်နားဖွင့်ပြီး အကုန် စစ်ဆေးရပါမယ် မိမိနဲ့ ဆန္ဒကိုက်ညီမှုရှိမရှိ ခဏ ဟန်ဆောင်လိုက်လျှောနေတာလား တကယ်လား? ဘဝအတွက် Partner ကောင်းတယောက် ဖြစ်နိုင်လား? မဟုတ်ရင် တသက်လုံး စိတ်ဆင်းရဲသွားရမှာပါ

မသေချာသေးရင် dates တွေပဲသွားကြည့်ပြီး မိမိနဲ့ ကိုက်ညီ သင့်တော်မှ Relationship ကို တယောက်တည်းတွဲမယ်ဆိုပြီး Exclusive လုပ်ပါ အမေရိကန်မှာဆို တန်းကြိုက်တယ် "I love you" ဘယ်သူမှ မပြောကြပါဘူး ကိုယ့်နဲ့ ဒိတ်ကြည့်ပြီး ၃-၄ လကြာမှပြောကြတာ....

စိတ်ချမ်းသာတဲ့ Healthy Relationship တခုဖြစ်ဖို့ 
▪️Open communication ပွင့်ပွင့်လင်းလင်း သေချာဆွေးနွေးရမယ်
▪️ Trust ယုံကြည်မှုရှိရမယ်
▪️Working through disagreements မတူညီတာတွေကို ညှိနှိုင်းရမယ်
▪️Listening and feeling heard. Having someone listen to us and feeling heard is important တဖက်သားပြောတာကို အချိန်ပေးနားထောင်ချင်သူ လက်ခံနိုင်သူဖြစ် ရပါမယ်
▪️Mutual intimacy ဖက်တာ cuddle လုပ်တာ ကိုယ်ကြိုက်သလို သူလဲကြိုက်မှ ဖြစ်မယ်နော်

မိမိရဲ့ အခု Relationship မှာပျော်ရဲ့လား? 
Healthy Relationship ဖြစ်လား စစ်ကြည့်ပြီး ဘာတွေ မပျော်ဖြစ်နေလဲ comment မှာ မန့်ပေးကြပါဦးနော် 

(မိုး ရဲ့ YouTube channel ကို subscribe လုပ်ပေးပါဦးနော်  💌  shorturl.at/etKY9 ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏)

ချစ်ခြင်းများစွာဖြင့် ❤️
#MoefromAmerica

Photo Courtesy : Internet

⛔လွတ်လပ်စွာ Share နိုင်ပါတယ် မည်သည့်နေရာမှ ကူးယူဖော်ပြခွင့်မပြုပါ

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application