How to make New Friends in a Foregin Country?
နိုင်ငံတနိင်ငံ အသစ်တခုရောက်သွားရင် အခက်ခဲဆုံးက သူငယ်ချင်း မိတ်ဆွေဖွဲ့တာပါ
ကျွန်မ ငယ်ငယ်တုန်းက သူငယ်ချင်း သိပ်မရှိဘူး အိမ်မှာ မောင်နှမများတာရယ် တဝမ်းကွဲတွေကလဲများတယ် အသက်အရွယ်တွေကလဲ မတိမ်းမယိမ်းဆိုတော့ အချင်းချင်းပဲ ပေါင်းကြတာများတော့ အပြင် သူငယ်ချင်း မလိုဘူး ဖြစ်နေတာ.....
အမေရိကန်မှာ ကျောင်းစတက်ကာစတုန်းက သူငယ်ချင်းပေါင်းရ အရမ်းခက်တယ် တက်တဲ့ကျောင်းမှာလဲ မြန်မာ တယောက်မှ မရှိဘူး ကိုယ်ကလဲ American လေယူလေသိမ်းမရှိတော့ ကိုယ်ပြောတာ နားမလည်ကြတော့ ပေါင်းမယ့်သူမရှိဘူးဖြစ်နေတယ် Biology အတန်းတက်တော့ Lab လုပ်ရတော့ Group လိုက်လုပ်ရတာ ကျွန်မတယောက်တည်း လုပ်လို့လဲမရ အခက်တွေ့တော့တာပေါ့ အဲဒါ Group တခုထဲ တောင်းတောင်းပန်ပန်နဲ့ မနဲလိုက်ပြောမှ လက်ခံတယ် အဲတုန်းက တော်တော်စိတ်ညစ်ခဲ့ရဖူးတယ်....
Bachelor Degree တက်တော့ Univeristy Transfer လုပ်တော့လဲ လူတွေနဲ့ တွေ့ရတာ တယောက်တခန်း အတန်း ၂ တန်း တူတဲ့ သူငယ်ချင်းကရှားတယ် အတန်းပြီးတာနဲ့ အားလုံးက လစ်ကြပြီ အဲဒါနဲ့ သူငယ်ချင်း ကောင်းကောင်း တယောက်မှ မရလိုက်ဘူး
Graduate School တက်မယ် ၄ နှစ်တာကာလ မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ ဒီလူတွေနဲ့ပဲတွေ့မှ လူတွေနဲ့ သေချာပေါင်းဖြစ်တာ ပေါင်းဖြစ်တော့လဲ တပြုံကြီးပါပဲ ကျွန်မတို့ အတန်းက လူတွေ ရှေ့တန်းက Senior တွေရော နောက်တန်းက Junior တွေရောနဲ့ပဲ ......
အတန်းထဲမှာ Asian 10 ယောက်လောက်ရှိမယ် Korean, American Born Korean, Japanese , Vietnamese, Filipino တွေပဲရှိတယ် အားလုံးက ဒီမှာ မွေးတဲ့သူ သို့ ရောက်တာ ၁၀ နှစ်အထက်တွေချည်းပဲ ကျွန်မသာလျှင် Fresh Off the Boat အမေရိကန်ရောက်တာ သိပ်မကြာသေးတဲ့ မျက်စိသူငယ်နားသူငယ်လေးနဲ့ပေါ့ Asians တွေက စာကြမ်းပိုးတွေချည်းပဲ မျက်စိနဲ့စာမျက်နှာ မခွာ Grade ဆို All As' ရမှ ကျေနပ်ကြတာ
ကျွန်မမှာရှိတဲ့ အားသာချက်ကတော့ ကျွန်မက မွေးကတည်းက မျက်နှာချိုတဲ့ အထဲပါတယ် သာမန်နေရင်တောင် ပြုံးနေတယ် ထင်ရတဲ့ မျက်နှာမျိုးပိုင်ဆိုင်ထားတယ် နောက် US မရောက်ခင်ကတည်းက အလုပ်တွေလုပ်ဖူးတာ ခရီးတွေ ထွက်ဖူးတော့ Self-Confidence အပြည့်ရှိတယ် လူမကြောက်တတ်ဘူး Florida ကလူတွေနဲ့ဆိုလဲ Florida အကြောင်းပြောလိုက် ကိုရီးယားသူငယ်ချင်းတွေနဲ့ဆို Korea အစားအစာအကြောင်း ဗီယက်နမ် သူငယ်ချင်းနဲ့ဆိုလဲ Vietnam Town အကြောင်း အစုံပဲပြောနိုင်ပြီး ကူညီတတ်လို့ ကျွန်မကို ချစ်ခင်သူ ခင်မင်သူများလာတယ် ကိုယ့်မှာ တတ်ထားတဲ့ ပညာတို့ Languages တွေများရင်လဲ သူငယ်ချင်းပေါင်းရတာလွယ်တယ်
ကျောင်းမှာ အတန်းခေါင်းဆောင် ၆ ယောက် မဲပေးပြီး ရွေးတော့ လူသိများတဲ့သူတွေက ရွေးခံရတတ်ကြတယ် Asian, African-American, Caucasian (အဖြူ) Cultural Diversity ဖြစ်အောင်ရွေးကြတော့ ကျွန်မလဲ အတန်းခေါင်းဆောင် တယောက်ဖြစ်လာတယ် Leadership Role မှာ 4 နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ရတယ် အတန်းခေါင်းဆောင် ဖြစ်တော့ GPA 3.0 ထက်ကျလို့မရဘူးဆိုတော့ စာခက်တဲ့ Grad School မှာ GPA 3.0 အောက် မရောက်ဖို့ အရေး မအိပ်မနေ ကြိုးစားရတာပါပဲ.....
နိုင်ငံခြားရောက်ရင် မိမိ အမျိုး/ မြန်မာသူငယ်ချင်းတွေနဲ့ပဲပေါင်းတာထက်စာရင် တခြား Cultures ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ ကျွမ်းဝင်အောင်ရယ် Think outside the box ဖြစ်အောင် တခြားနိုင်ငံက သူငယ်ချင်းတွေနဲ့လဲပေါင်းပါ
လူချစ်လူခင်များ အပေါင်းအသင်းများဖို့
- Smile 😊 ပြုံးရွှင်စွာနေပါ
- Be Positive: အကောင်းမြင်ဝါဒရှိပါ သူတပါးကို တွေ့ရင် ကောင်းတာချီးကျူးပေးပါ
- Start the conversation: မိမိက စပြီး နှုတ်ဆက်ပါ စကားစပြောပေးပါ Hey, Hi! How are you today? How do you feel about the weather? ရာသီဥတုနဲ့ ပတ်သက်ပြီး စကားစတာ Shopping / Movies ကြိုက်တာ ပြောလို့ရပါတယ်
- Share တခါတလေ မိမိမွေးနေ့တို့ အထိမ်းအမှတ်တို့မှာ Donuts 🍩 တို့ Pizza 🍕 မုန့်ဝယ်ကျွေးတာမျိုး , ခရီးကပြန်လာရင် အမှတ်တရ small gifts 🎁 ပေးတာမျိုးလဲ လုပ်လို့ရပါတယ်
- Don't be Selfish: ဘယ်အရာမဆို မိမိအတွက်ပဲ မဟုတ်ပဲ တဖက်လူအတွက်လဲ အမြဲ စဉ်းစားပေးပါ
အထက်ပါ အချက်အလက်တွေကတော့ သင့်ကို လူချစ်လူခင်များစေပြီး နေရာသစ်မှာ အပေါင်းအသင်းရစေမယ့် အချက်တွေပဲ ဖြစ်ပါတယ် သူငယ်ချင်းများတော့ Connection ကောင်းတယ် အလုပ်ရှာရတာလဲ လွယ်တယ် ကျောင်းမှာ စာဆိုလဲ မသိမရှိမဖြစ်ရဘူး တခုခုဆို လာပြောကြတယ် အလုပ်ထဲမှာဆိုလဲ မသိရင် တွဲခေါ်ကြတယ် Recommendation ဆိုလဲ အလွယ်တကူ ပေးကြတယ် အဲဒါတွေကြောင့်လဲ ကျောင်းမှာ ကျွန်မ Scholarships တွေရခဲ့ဖူးတယ်
သူငယ်ချင်းသစ်ဖွဲ့တာ ဒီအချက်တွေလိုက်နာဖြစ်လား? ပြောပြပေးပါဦး
ဒီပုံထဲမှာ Pakistan 🇵🇰, Nigeria 🇳🇬 နဲ့ Vietnam 🇻🇳 က သူငယ်ချင်းတွေပါတယ် ကျွန်မလဲပါပါတယ်
ကျွန်မက ဘယ်တယောက်ဖြစ်မလဲဆိုတာ ခန့်မှန်းပေးပါဦး
ချစ်ခြင်းများစွာဖြင့်
#MoefromAmerica ❤️
⛔လွတ်လပ်စွာ Share နိုင်ပါတယ် မည်သည့်နေရာမှ ကူးယူဖော်ပြခွင့်မပြုပါ
Comments
Post a Comment