"Immigrant vs. First Generation အမေရိကန် ဘဝ...."


မေလ ၈ ရက်နေ့ဟာ အမေများနေ့လဲ ဖြစ်သလို အမေရိကန်မှာ ကျောင်းတွေ အများစုရဲ့ Graduation 🎓 Day လဲ ဖြစ်ပါတယ် မိခင်တွေအတွက် အမှတ်တရ အထိမ်းအမှတ်နေ့လဲ ဖြစ်ပါတယ် Happy Mother's Day! 

လွန်ခဲ့သော အနှစ် ၄၀ ကျော်က ဆင်းရဲတဲ့ တိုင်းပြည်ကို စွန့်ခွာပြီး ခက်ခက်ခဲခဲ အမေရိကန်ပြည်ထောင်စုကို စွန့်စားရောက်လာခဲ့တဲ့ Immigrant မိသားစုက သမီးလေး တယောက်လည်း အဲနေ့မှာ Doctorate Degree ဘွဲ့ရခဲ့တယ်

သူတို့ မိသားစုလဲ အမေရိကန်ရောက်တော့ English လိုလဲ မတတ် စစပိုင်းတော်တော်ရုန်းကန်ရတယ် အဖေရော အမေရော ၂ ယောက်လုံး မနက်ဆိုင်း/ ညဆိုင်း အလုပ်လုပ်ရတယ် သားသမီး ၂ ယောက်ရှိတယ် အစ်ကိုကြီးနဲ့ ညီမလေးက အသက် ၆ နှစ်ကွာတော့ အစ်ကိုကြီးက ညီမလေးကို ကြည့်ရတယ် 

မိဘလဲ သေချာမကြည့်နိုင်ပေမယ့် သူတို့မောင်နှမ ၂ ယောက်လုံး စာတော်တယ် ညီမလေးက ပိုထူးချွန်တယ် ၉ တန်းရောက်တော့ Top 1% of the class ရတော့  ကျောင်းလခ Free ကျောင်းအိပ်ကျောင်းစား နဲ့ School of Science & Mathematics မှာ တက်ခွင့်ရတယ် 

နောက်တော့ စကောလားရှစ်ထပ် ရပြီး Double Major Bachelor in Chemistry & History နဲ့ ဘွဲ့ရတယ် ပြီးတော့ ဘွဲ့လွန်ထပ်တက်ပြီး Doctorate in Pharmacy နဲ့ ဘွဲ့ရပြီး အခု အလုပ်လုပ်နေပြီ

သူ့အစ်ကိုလဲ ထူးချွန်တဲ့ Engineer တယောက်ဖြစ်ပြီး Best Engineer ဆု မကြာခဏရတယ် 

သူတို့မောင်နှမ ၂ ယောက်လုံး လစာ သိန်းချီရပြီး ကိုယ့်အားကိုယ်ကိုးနိုင်နေပြီ လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ကသာ သူတို့ အဖေနဲ့ အမေ မစွန့်စားခဲ့ဘူးဆိုရင် သားသမီးတွေရဲ့ ဘဝက ပြောင်းလဲနိုင်စရာမရှိဘူး သူတို့နိုင်ငံမှာ ကျန်ခဲ့တဲ့ အမျိုးတွေဆို လစဉ် ပိုက်ဆံထောက်ပံ့ပေးတာ စောင့်နေကြတုန်း....

အမေရိကန်မှာ အောင်မြင်တဲ့ Immigrant တယောက်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ Video လေးလဲ ကြည့်နိုင်ပါတယ်
👉https://youtu.be/AXLfGWiWvqU

ကိုယ့်ရဲ့ Generation ကို ကောင်းစေချင်ရင် အခုကတည်းက ကြိုးစားမှနော်
Change starts with you......
American Dream မက်နေသူတွေရှိရင် "American Dream" လို့မန့်ပေးကြပါဦး

ချစ်ခြင်းများစွာဖြင့် ❤️
 #MoefromAmerica 

Based on a True Story

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

Free English As Second Language (ESL) Application