"The Right Guy Will Push You To Be The Most Amazing Version Of Yourself" ====================



လွန်ခဲ့သော ဆယ်စုနှစ်တခုက ကျွန်မကျောင်းသူဘဝက အိမ်ဘေးခန်းကို india က အတွဲတတွဲပြောင်းလာတယ် ကျွန်မလဲ သွားမိတ်ဆက်တာပေါ့ အကူအညီလိုရင်ပြောပါ ဘာညာ.... 
မိန်းမက G ယောကျာ်းက B တဲ့ သူတို့ Jamaica 🇯🇲 ကနေ US ကို အခုမှပြောင်းလာတာ ကားလဲ မရှိသေးတော့ ပစ္စည်းလိုက်ဝယ်ဖို့ တချို့နေရာပို့ပေးဖြစ်တယ် Costco မှာလဲ Bulk ပစ္စည်းအများကြီးဝယ်ရင် ဈေးသက်သာကြောင်း ပြောပြပေးလိုက်ပို့ပေးလိုက်တယ်

သူတို့ ၂ ယောက်နဲ့ ကျွန်မနဲ့ အသက်သိပ်မကွာတော့ စကားပြောလို့ကောင်းတယ် နေ့လည်နေ့ခင်း သူ့ယောကျ်ားက ဆရာဝန်ဆိုတော့ အိမ်နဲ့ ၃ မိနစ်လောက်ဝေးတဲ့ဆေးရုံမှာ အလုပ်သွားလုပ်တော့ G ပဲအိမ်မှာကျန်ခဲ့တယ် တခါတလေ G က သူ့ အိမ်မှာ Roti စားဖို့ နဲ့ Tea 🍵 သောက်ဖို့လာဖိတ်တတ်တယ်

G ရဲ့ မီးဖိုချောင်ထဲမှာ ဂျုံတွေ အများကြီးဝယ်ထားတယ် Roti လုပ်တာ scratch ကနေ လုပ်တာ အစကနေအဆုံးထိ သူ့ဘာသာ လုပ်တာ တကယ်အံ့ဩမိတယ် နေ့လည်နေ့ခင်း G နဲ့ ကျွန်မ Apartment က Gym မှာ တူတူ ကစားဖြစ်တယ် ပြီးရင် သုတ်သုတ်နဲ့ G ကပြန်တယ် စာဖတ်ဖို့ သူ့ယောကျာ်းပြန်မလာခင် ဟင်းအမှီချက်ဖို့ လုပ်ရတယ် india တွေ က နံပြား/ ပလာတာက အစ ဂျုံက အစအဆုံး အကုန် G တယောက်တည်း နယ်ပြီး ချက်ရတာ ပင်ပန်းပြီး အချိန်တော်တော်ကုန်တယ် US မှာဆို အိမ်အကူကလဲ မရှိ ချက်ရသိမ်းရ မသက်သာဘူး 

နောက်တော့ G ကလဲ United States Medical Licensing Examination (USMLE) စာမေးပွဲဖြေဖို့ ဖတ်နေတဲ့ ဆရာဝန် တယောက်ပဲဆိုတာ သိလိုက်ရတယ် G ယောကျာ်း S က အရမ်းစည်းကမ်းတင်းကြပ်တာ G ကနေ့လည်နေ့ခင်းဆို စာဘယ်နှမျက်နှာဖတ်ရမလဲက အစ အတိအကျပေးထားပြီး သူအလုပ်က အိမ်ပြန်ရောက်တာနဲ့ ထမင်းစားပြီး စာမေးတော့တာပဲ G ခမျာ နေ့လည်နေ့ခင်း Facebook တောင် မပွတ်ရပဲ စာအပြီးကျက် ဟင်းအပြီးချက်ရတဲ့ ဘဝပါ 

နောက်တော့ ကျွန်မ ကျောင်းပြောင်းတက်လို့ မြို့ပြောင်းရတယ် G လဲ စာမေးပွဲပြီး ကလေးတယောက် ရ သူ့ယောကျာ်းလဲ အထူးကု ဆရာဝန်ဖြစ်သွားပြီ 
ကျွန်မက သူတို့အတွဲကိုကြည့်ပြီး အားကျတယ် စည်းကမ်းတကျ Plan လုပ်ထားပြီး တယောက်နဲ့ တယောက် အားပေးကြ တူတူကြိုးစားပြီး အောင်မြင်တဲ့ ဘဝတခုကို တည်ဆောက်ကြတာ 

မြန်မာပြည်မှာဆို ယောကျာ်းတယောက်တည်းလုပ်စာနဲ့ လုံလောက်နိုင်ပေမယ့် အမေရိကန်မှာတော့ ၂ ယောက်လုံး အလုပ်လုပ်ဖို့လိုအပ်ပါတယ် 

မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ်  လက်တွဲဖော် ရွေးခြယ်မယ်ဆိုရင် ကိုယ့်ကို စကားလုံးအရရော စိတ်ဓာတ်ရေးရာအရရော နှိပ်စက်မယ့်သူ တွေကို ဝေးဝေးရှောင်ပြီး ကိုယ့်ကို တကယ်ချစ်တဲ့သူ ကောင်းစေချင်တဲ့သူ ကိုယ့်ကို အားပေးပြီး The Most Amazing Version Of Yourself ဖြစ်စေချင်တဲ့ လက်တွဲဖော်မျိုးကို ရှာပြီး Date ဒိတ်ပါ လက်တွဲပါလို့ အကြံပေးပါရစေ

အခု မိမိရဲ့ လက်တွဲဖော်ကရော မိမိကို အားပေးတတ်သူလား စိတ်ညစ်စေသူလား ပြောပြပေးကြပါဦးနော်

with love ❤️
 #MoefromAmerica 

Photo Courtesy: iStock

👉http://moefromamerica.blogspot.com/2022/05/the-right-guy-will-push-you-to-be-most.html

Comments

Popular posts from this blog

အိုစာမင်းစာစုပါ 401 K Retirement Saving

Introduction

US မှာ International Student အနေနဲ့ ကျောင်းတက်မယ်ဆိုရင် သိထားသင့်တာလေးတွေပါ