အိုစာမင်းစာစုပါ 401 K Retirement Saving
မြန်မာပြည်နဲ့ အာရှနိုင်ငံတော်တော်များများမှာ ကလေးတွေကို ပညာသင်ပေးကြတယ် ပြုစုပျိုးထောင်ပေးကြတယ် "Children are retirement saving" မိမိ အသက်ကြီးလာရင်ကလေးတွေက ပြန်လည်ပြုစုပေးမယ်လို့မျှော်လင့်ထားကြတယ် စင်္ကာပူမှာလဲ မိဘတွေက မိမိအိုစာမင်းစာ စုဖို့ထက် ကလေးတွေစရိတ်ပိုသုံးကြတယ် ဒါပေမယ့် တချို့ကလေးတွေလဲ မိဘကို ပြန်ကြည့်ကြတယ် တချို့လဲ ဂရုမစိုက်သူတွေ တပုံကြီးရှိတယ် ကလေးတွေဆိုတာ သက်ရှိပါ သူတို့ဆန္ဒကို မိဘဖြစ်သူတွေက ထိန်းချုပ်လို့မရဘူးလေနော် ဂရုမစိုက်တဲ့ သားသမီးတွေဆိုရင် မိဘတွေက အသက်ကြီးမှ အိုစာမင်းစာမရှိ ဒုက္ခရောက်နေကြရော.... သက်ရှိကို ထိန်းချုပ်မရပေမယ့် သက်မဲ့ကိုတော့မိမိကြိုက်သလိုစီမံလို့ရပါတယ် US မှာတော့ အိုစာမင်းစာအတွက် 401 K ဆိုတဲ့ Retirement Saving ရှိတယ် သူငယ်ချင်းတယောက် အမေဆို အသက် 65 ပင်စင်ယူချိန်မှာ သူ့ 401 K Retirement Saving ထဲ 1 Million Dollar အထက်ရှိတယ် Retired as a Millionaire ပေါ့ US က လူတွေက အသက်ကြီးရင် တခြားနိုင်ငံကို ခရီးတွေလျှောက်သွားရင်သွား မသွားရင် Recreation Vehicle လေးဝယ်ပြီး US တခွင်ပတ်မောင်း တွေ့ရာနေရာရပ်စား စိတ်အပန်းဖြေကြတယ် US မှာ မိဘတွေက ကလေးတွေကို အသက်...